Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 12:29

Common Language Bible

ထို​နေ​ရာ​တွင်​ရပ်​လျက်​နေ​ကြ​သော​လူ​ပ​ရိ​သတ် သည်​ထို​အ​သံ​ကို​ကြား​၍​အ​ချို့​က ``မိုး​ချုန်း သည်'' ဟု​ဆို​ကြ​၏။ အ​ချို့​က​မူ ``ကိုယ်​တော်​အား ကောင်း​ကင်​တ​မန်​စ​ကား​ပြော​သည်'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဃ်းချုန်းနိုင်သလော။

တ​တိ​ယ​နေ့​တွင်​တောင်​ပေါ်​၌​မိုး​ချုန်း​၍ လျှပ်​စီး​လက်​ပြီး​လျှင်​ထူ​ထပ်​သော​မိုး​တိမ် ကျ​ရောက်​လေ​သည်။ အ​လွန်​ကျယ်​လောင်​သော တံ​ပိုး​မှုတ်​သံ​လည်း​ထွက်​ပေါ်​လာ​၏။ ထို အ​ခါ​စ​ခန်း​ထဲ​ရှိ​လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။-

လူ​အ​ပေါင်း​တို့​သည်​မိုး​ချုန်း​သံ၊ တံ​ပိုး​မှုတ်​သံ နှင့်​လျှပ်​စစ်​ပြက်​ခြင်း၊ တောင်​မှ​မီး​ခိုး​ထွက်​ခြင်း တို့​ကို​ကြား​ရ​မြင်​ရ​သော​အ​ခါ ကြောက်​ရွံ့ တုန်​လှုပ်​လျက်​အ​ဝေး​၌​ရပ်​နေ​ကြ​၏။-

သတ္တ​ဝါ​တို့​၏​တောင်​ပံ​ခတ်​သံ​ကို​အ​ပြင် တံ​တိုင်း​မှ​ပင်​ကြား​ရ​၏။ ထို​အ​သံ​သည် အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​မိန့်​မြွက် တော်​မူ​သော​အ​သံ​နှင့်​တူ​၏။

ရှော​လု​နှင့်​အ​တူ​ခ​ရီး​ပြု​လျက်​နေ​ကြ​သူ တို့​သည် ထို​အ​သံ​ကို​ကြား​ရ​သော်​လည်း လူ တစ်​စုံ​တစ်​ယောက်​ကို​မျှ​မ​တွေ့​မ​မြင်​ရ သ​ဖြင့်​ကြက်​သေ​သေ​လျက်​ရပ်​နေ​ကြ​၏။-

ထို​အ​ခါ​ကောင်း​ကင်​ဘုံ​၌​ဘု​ရား​သ​ခင် ၏​ဗိ​မာန်​တော်​တံ​ခါး​သည်​ပွင့်​၍​လာ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ငါ​မြင်​ရ​၏။ ထို​နောက်​လျှပ်​စစ်​များ​ပြက် ခြင်း၊ မိုး​ခြိမ်း​ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း၊ မိုး သီး​မုန်​တိုင်း​ကြီး​ကျ​ခြင်း​များ​ဖြစ်​လေ သည်။

ကောင်း​ကင်​မှ​သမု​ဒ္ဒ​ရာ​ဟုန်း​သံ​နှင့်​မိုး​ချုန်း သံ​ကြီး​ကဲ့​သို့​သော​အ​သံ​ကို ငါ​ကြား​ရ​၏။ ထို​အ​သံ​သည်​စောင်း​သ​မား​များ​တီး​သည့် စောင်း​သံ​နှင့်​တူ​၏။-

ထို​နောက်​သိုး​သူ​ငယ်​တော်​သည်​ချိပ်​တံ​ဆိပ် ခု​နစ်​ခု​အ​နက်​မှ ပ​ထ​မ​တံ​ဆိပ်​ဖွင့်​သည်​ကို ငါ​မြင်​၏။ သက်​ရှိ​သတ္တဝါ​လေး​ပါး​အ​နက်​တစ် ပါး​သည်​မိုး​ကြိုး​သံ​နှင့်​တူ​သော​အ​သံ​ဖြင့်``လာ လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။-

ထို​နောက်​ကောင်း​ကင်​တ​မန်​သည်​လင်​ပန်း​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​က​မီး​ကို​ထည့်​၍​ကမ္ဘာ မြေ​ပေါ်​သို့​ပစ်​ချ​လိုက်​၏။ ထို​အ​ခါ​မိုး​ကြိုး ထစ်​ချုန်း​ခြင်း၊ အ​သံ​မြည်​ခြင်း၊ လျှပ်​ပြက် ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း​တို့​ဖြစ်​ပေါ်​လာ လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ