Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 12:16

Common Language Bible

တ​ပည့်​တော်​တို့​သည်​ထို​စဉ်​အ​ခါ​က​ဤ ကျမ်း​ချက်​ကို​နား​မ​လည်​ကြ။ သ​ခင်​ယေ​ရှု ဘုန်း​အ​သ​ရေ​ပွင့်​တော်​မူ​သော​အ​ခါ​ကျ​မှ ဤ​ကျမ်း​ချက်​ကား​ကိုယ်​တော်​၏​အ​ကြောင်း ဖော်​ပြ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​၏ အ​တွက်​ထို​သို့​ပြု​ခဲ့​ကြ​သည်​ကို​လည်း​ကောင်း ပြန်​လည်​သ​တိ​ရ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ဤသို့တပည့်တော်တို့အားမိန့်တော်မူပြီးသော အခါ သခင်ယေရှုသည်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူပြီးလျှင် ဘုရား သခင်၏လက်ယာတော်ဘက်တွင်ထိုင်နေတော်မူ၏။-

တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​လည်​ကြ။ သို့​ရာ​တွင်​ကိုယ်​တော်​အား​မ​မေး မ​လျှောက်​ဝံ့​ကြ။

သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏ စ​ကား​တစ်​ခွန်း​ကို​မျှ​နား​မ​လည်​ကြ။ ထို စ​ကား​များ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​သည်​ကွယ်​ဝှက် လျက်​နေ​သ​ဖြင့် ကိုယ်​တော်​၏​မိန့်​တော်​မူ​ချက် ကို​နား​မ​လည်​ကြ။

ထို​အ​ခါ​ကိုယ်​တော်​က ``ပ​ရော​ဖက်​များ​ဟော ကြား​ခဲ့​သ​မျှ​ကို​ယုံ​ကြည်​ရန်​အ​လွန်​နှေး ကွေး​သော​အို​လူ​မိုက်​တို့၊-

ထို​နောက်​တ​ပည့်​တော်​တို့​ကျမ်း​စာ​တော်​ကို​နား လည်​ကြ​စေ​ရန်​သူ​တို့​၏​အ​သိ​ဉာဏ်​ကို​ဖွင့်​တော် မူ​၏။-

သို့​ရာ​တွင်​တ​ပည့်​တော်​တို့​သည်​ထို​စ​ကား​ကို နား​မ​လည်​ကြ။ ယင်း​သို့​နား​မ​လည်​ကြ​စေ​ရန် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကွယ်​ဝှက်​လျက်​ရှိ​သ​တည်း။ သူ တို့​သည်​လည်း​ကိုယ်​တော်​အား​မ​မေး​မ​လျှောက် ဝံ့​ကြ။

သ​ခင်​ယေ​ရှု​က ``လူ​သား​ဘုန်း​အ​သ​ရေ​ပွင့် မည့်​အ​ချိန်​ကျ​ရောက်​လာ​လေ​ပြီ။-

သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ့​နာ​မ​ကြောင့် စေ​လွှတ်​တော်​မူ​မည့်​မ​စ​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သွန်​သင် ပေး​တော်​မူ​၍ ငါ​ပြော​ခဲ့​သ​မျှ​သော​အ​ရာ​တို့ ကို​သင်​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​တော် မူ​လိမ့်​မည်။

သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​ကြောင်း​ကို​ဤ အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​ချိန်​၌ သင်​တို့ ပြန်​လည်​သ​တိ​ရ​ကြ​စေ​ရန်​ယ​ခု​ပင်​ငါ ပြော​နှင့်​ပြီ။'' ``ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​နေ​သေး​သော ကြောင့် သင်​တို့​အား​ထို​အ​ကြောင်း​အ​ရာ​များ ကို ယ​ခင်​က​ငါ​မ​ပြော​ကြား​ခဲ့။-

အို အ​ဖ၊ ဤ​ကမ္ဘာ​မ​ပေါ်​မ​တည်​မီ​က​ကိုယ်​တော် နှင့်​အ​တူ​အ​ကျွန်ုပ်​ခံ​စား​ခဲ့​ရ​သည့်​ဘုန်း​အ​သ ရေ​ကို ယ​ခု​အ​ခါ​၌​ရှေ့​တော်​တွင်​အ​ကျွန်ုပ်​အား ပေး​တော်​မူ​ပါ။''

သို့​ဖြစ်​၍​တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​သေ ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သော​အ​ခါ ဤ သို့​ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည်​ကို​ပြန်​လည် သ​တိ​ရ​ကြ​လျက် ကျမ်း​စာ​တော်​ကို​လည်း ကောင်း၊ သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သော စ​ကား​တော်​ကို​လည်း​ကောင်း​ယုံ​ကြ​၏။

သ​ခင်​ယေ​ရှု​သည်​ဘုန်း​အ​သ​ရေ​ပွင့်​တော်​မ​မူ သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​လည်း​ကိုယ်​တော် ကို​သက်​ဝင်​ယုံ​ကြည်​သူ​တို့​အား​မ​ပေး​မ​အပ် ရ​သေး​ပေ။ သို့​ဖြစ်​၍​ထို​သူ​တို့​ခံ​ယူ​ကြ​ရ မည့်​ဝိ​ညာဉ်​တော်​ကို​ရည်​မှတ်​၍ ဤ​သို့​ကြွေး ကြော်​တော်​မူ​ခြင်း​ဖြစ်​၏။

ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​စံ​ပယ်​ရန်​ချီး​မြှင့်​ခြင်း​ခံ​တော်​မူ​ပြီး နောက် ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​သန့် ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံ​ယူ​၍ သင်​တို့​ယ​ခု တွေ့​မြင်​ကြား​သိ​နေ​ကြ​သည့်​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ​သ​တည်း။-

သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​ရှင် သ​ခင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သူ​ကား သင်​တို့​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​သည့် ယေ​ရှု​ပင် ဖြစ်​ကြောင်း​အ​တပ်​ဧ​ကန်​သိ​မှတ်​ကြ​လော့'' ဟု​ဟော​လေ​၏။

အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား၊ ငါ​တို့ ဘိုး​ဘေး​များ​၏​ဘု​ရား​သည်​ဤ​အ​မှု​အ​ရာ အား​ဖြင့် မိ​မိ​၏​အ​စေ​ခံ​ယေ​ရှု​ကို​ဘုန်း​အ​သ ရေ​ထွန်း​တောက်​စေ​တော်​မူ​ပြီ။ သင်​တို့​သည်​ထို အ​ရှင်​ကို​ရန်​သူ့​လက်​သို့​အပ်​နှံ​၍ ပိ​လတ်​မင်း ၏​ရှေ့​တော်​တွင်​ပစ်​ပယ်​ခဲ့​ကြ​၏။ ပိ​လတ်​မင်း သည်​ထို​အ​ရှင်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ရန်​ဆုံး​ဖြတ်​သော်​လည်း၊-

ငါ​တို့​၏​ယုံ​ကြည်​ခြင်း​တ​ရား​ကို​အ​စ​မှ အ​ဆုံး​စီ​ရင်​တော်​မူ​သော​သ​ခင်​ယေ​ရှု​ကို မျက်​မှောက်​ပြု​ကြ​ကုန်​အံ့။ ကိုယ်​တော်​သည် မိ​မိ​ခံ​စား​ရ​မည့်​ဝမ်း​မြောက်​ခြင်း​အ​တွက် ကြောင့် လက်​ဝါး​ကပ်​တိုင်​တော်​ကို​ရှက်​ကြောက် ဖွယ်​အ​ရာ​ဟူ​၍​မှတ်​တော်​မ​မူ​ဘဲ​အ​သေ ခံ​တော်​မူ​ပြီး​လျှင် ဘု​ရား​သ​ခင်​၏​ပလ္လင် တော်​လက်​ယာ​ဘက်​တွင်​ထိုင်​နေ​တော်​မူ​၏။

ယ​ခု​ဆို​ခဲ့​ပြီး​သော​အ​ကြောင်း​အ​ရာ​များ တွင် အ​ရေး​ကြီး​သည့်​အ​ချက်​မှာ ငါ​တို့​တွင်​ထို​သို့ သော​ယဇ်​ပု​ရော​ဟိတ်​မင်း​ရှိ​ခြင်း​ပင်​ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ​ဘုန်း​တန်​ခိုး​ရှင် ၏​ပလ္လင်​တော်​လက်ယာ​ဘက်​၌​ထိုင်​နေ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ