ထိုစကားကိုကြားလျှင်မာရိသည်အလျင် အမြန်ထ၍အထံတော်သို့သွားလေ၏။-
``ငါ့ထံသို့ချဉ်းကပ်၍ကိုးကွယ်ဝတ်ပြုလော့'' ဟု ကိုယ်တော်ရှင်မိန့်တော်သည်အတိုင်း အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အထံတော်သို့ချဉ်းကပ် ပါမည်။
လူသည် ပြန်ပြောသောစကားအားဖြင့် ဝမ်း မြောက်စရာအကြောင်းရှိ၏။ အချိန်တန်၍ ပြောသော စကားသည်လည်း အလွန်လျောက်ပတ်ပေ၏။
သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။
ဤသို့လျှောက်ထားပြီးလျှင်မာသသည်အိမ် သို့ပြန်၍ညီမမာရိကိုတိတ်တဆိတ်ခေါ် ပြီးနောက် ``ဆရာတော်ကြွလာတော်မူပြီ။ သင့်အားမေးလျက်နေသည်'' ဟုပြောကြား၏။-
သခင်ယေရှုသည်ကားရွာထဲသို့မဝင်ရသေး။ မာသသွားရောက်ကြိုဆိုရာအရပ်မှာပင်ရှိ တော်မူ၏။-