Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 10:32

Common Language Bible

သ​ခင်​ယေ​ရှု​က ``ခ​မည်း​တော်​စေ​ခိုင်း​တော်​မူ သ​ဖြင့် ငါ​သည်​ကောင်း​မြတ်​သော​အ​မှု​များ ကို​ပြု​ခဲ့​၏။ ၎င်း​အ​မှု​များ​အ​နက်​အ​ဘယ် အ​မှု​ကြောင့်​ငါ့​အား​သင်​တို့​ခဲ​နှင့်​ပေါက်​လို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ငါ့​အား​ကျေး​ဇူး​ကန်း​ကြ​၏။ သို့​ဖြစ်​၍​ငါ​သည်​အ​လွန်​စိတ်​ပျက်​လှ​၏။

တဖန် ကြိုးစားအားထုတ်ခြင်းအမှုနှင့်၊ ကောင်း မွန်စွာ ပြီးစီးသောအမှု အလုံးစုံတို့ကို၎င်း၊ ထိုသို့သော အမှုတို့ကြောင့် သူတပါး ငြူစူကြောင်းကို၎င်း ငါဆင်ခြင် ၏။ ထိုအမှုအရာသည် အနတ္တအမှု၊ လေကို ကျက်စား သောအမှုဖြစ်၏။

ထို​နောက်​ငါ​က``အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့် အ​ရှင့်​မှူး​မတ်​များ​သို့​မ​ဟုတ်​ဤ​ပြည်​သူ တို့​ကို​အ​ဘယ်​သို့​ပြစ်​မှား​မိ​သ​ဖြင့် အ​ရှင် သည်​အ​ကျွန်ုပ်​အား​အ​ကျဉ်း​ချ​၍​ထား တော်​မူ​ပါ​သ​နည်း။-

မျက်​မ​မြင်​တို့​သည်​မျက်​စိ​အ​လင်း​ကို​ရ​ရှိ ကြ​၏။ ခြေ​မ​စွမ်း​မ​သန်​သူ​တို့​သည်​လမ်း​လျှောက် ကြ​၏။ အ​ရေ​ပြား​ရော​ဂါ​စွဲ​သူ​တို့​သည်​သန့်​စင် သွား​ကြ​၏။ နား​ပင်း​သူ​တို့​သည်​ကြား​ရ​ကြ​၏။ သေ​သူ​တို့​သည်​အ​သက်​ပြန်​၍​ရှင်​ကြ​၏။ ဆင်း​ရဲ သူ​တို့​သည်​သ​တင်း​ကောင်း​ကို​ကြား​ရ​ကြ​၏။-

သ​ခင်​ယေ​ရှု​က ``သင်​တို့​အား​ငါ​ပြော​ပြီး​ဖြစ် ၏။ သို့​ရာ​တွင်​သင်​တို့​မ​ယုံ​ကြ။ ခ​မည်း​တော်​ခွင့် ပြု​တော်​မူ​ချက်​အ​ရ​ငါ​ပြု​သည့်​အ​မှု​အ​ရာ များ​က ငါ့​အ​ကြောင်း​ကို​သက်​သေ​ခံ​လျက်​ရှိ​၏။-

ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပေါက်​ရန် ခဲ​များ​ကို​ကောက်​ပြန်​၏။-

သူ​တို့​က ``ကောင်း​မြတ်​သော​အ​မှု​တစ်​စုံ​တစ်​ရာ ကို​သင်​ပြု​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်​မ​ဟုတ်။ သင်​သည်​လူ​စင်​စစ်​ဖြစ်​ပါ​လျက်​ဘု​ရား​ယောင် ဆောင်​ကာ ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်'' ဟု​ဆို ကြ​၏။

ခ​မည်း​တော်​၏​အ​မှု​တော်​များ​ကို​ငါ​မ​ဆောင် ရွက်​လျှင် ငါ့​အား​မ​ယုံ​ကြည်​ကြ​နှင့်။-

သို့​ရာ​တွင်​ယော​ဟန်​၏​သက်​သေ​ခံ​ချက်​ထက် ကြီး​မြတ်​သည့်​သက်​သေ​ခံ​ချက်​ငါ့​မှာ​ရှိ​၏။ ခ​မည်း​တော်​ငါ့​အား​ပေး​အပ်​သ​ဖြင့် ယ​ခု​ငါ လုပ်​ဆောင်​လျက်​ရှိ​သည့်​အ​မှု​အ​ရာ​များ​က​ပင် ငါ့​ကို​ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​ကြောင်း​ကို သက်​သေ​ခံ​ကြ​၏။-

နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် တန်​ခိုး တော်​အ​ဘယ်​သို့​ခံ​ယူ​ရ​ရှိ​သည်​အ​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ လူ တို့​အား​ကျေး​ဇူး​ပြု​လျက်​မာရ်​နတ်​နှိပ်​စက် သူ​အ​ပေါင်း​တို့​အား​ကျန်း​မာ​စေ​တော်​မူ​ခဲ့​၏။-

``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ့​စ​ကား ကို​နား​ထောင်​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​ထူး ဆန်း​အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ များ​ကို နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​အား​ဖြင့်​ပြ တော်​မူ​ခဲ့​၏။ သို့​ဖြစ်​၍​ထို​အ​ရှင်​သည်​ဘု​ရား သ​ခင်​၏​တန်​ခိုး​အာ​ဏာ​တော်​နှင့်​ပြည့်​ဝ​သူ ဖြစ်​ကြောင်း​သိ​သာ​ထင်​ရှား​ပေ​သည်။ ထို​အ​ဖြစ် အ​ပျက်​များ​မှာ​သင်​တို့​ရှေ့​မှောက်​တွင်​ဖြစ်​ပျက် ခဲ့​သ​ဖြင့် ယင်း​တို့​ကို​သင်​တို့​ကိုယ်​တိုင်​သိ​ရှိ ကြ​သည်။-

မာရ်​နတ်​၏​ဘက်​သား​ဖြစ်​၍​မိ​မိ​၏​ညီ​အာ​ဗေ​လ ကို​သတ်​သူ​ကာ​ဣ​န​ကဲ့​သို့ ငါ​တို့​မ​ဖြစ်​စေ​ကြ နှင့်။ ကာ​ဣ​န​သည်​မိ​မိ​၏​ညီ​ကို​အ​ဘယ်​ကြောင့် သတ်​သ​နည်း။ သူ​၏​အ​ကျင့်​သည်​ဆိုး​ယုတ်​၍ သူ့ ညီ​၏​အ​ကျင့်​မူ​ကား​ဖြောင့်​မှန်​သော​ကြောင့် ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ