Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 10:24

Common Language Bible

ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ဝန်း​ရံ​လျက် ``သင်​သည်​အ​ဘယ်​မျှ​ကြာ​အောင်​အ​ကျွန်ုပ်​တို့ အား​စိတ်​ဒွိ​ဟ​ဖြစ်​စေ​ပါ​မည်​နည်း။ အ​ကယ်​၍ သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​လျှင် အ​ကျွန်ုပ်​တို့​အား အ​တည့်​အ​လင်း​ပြော​ပါ​လော့'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဧ​လိ​ယ​သည်​ထို​လူ​တို့​ထံ​သို့​ချဉ်း​ကပ်​၍``သင် တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင်​စိတ်​ဇ​ဝေ​ဇ​ဝါ ရှိ​နေ​ကြ​ပါ​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ဘု​ရား​အ​မှန်​ဖြစ်​လျှင် ကိုယ်​တော်​အား​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။ ဗာ​လ​သည်​ဘု​ရား​အ​မှန် ဖြစ်​လျှင်​မူ​ကား​သူ့​အား​ဝတ်​ပြု​ကိုး​ကွယ် ကြ​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​လူ​တို့​သည် မည်​သို့​မျှ​ပြန်​၍​မ​ပြော​ကြ။-

``အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​ဟု​ဆို​သော အ​ရှင်​ပေ​လော။ သို့​မ​ဟုတ်​အ​ကျွန်ုပ်​တို့​သည် အ​ခြား​အ​ရှင်​တစ်​ပါး​ကို​စောင့်​မျှော်​ရ​ကြ ပါ​မည်​လော'' ဟု​မေး​လျှောက်​စေ​၏။-

ဤ​သွန်​သင်​ချက်​ကို​ကိုယ်​တော်​သည်​ပွင့်​လင်း​စွာ မိန့်​ကြား​တော်​မူ​သ​တည်း။ ထို့​ကြောင့်​ပေ​တ​ရု သည် ကိုယ်​တော်​ကို​နေ​ရာ​တစ်​ခု​သို့​ပင့်​ခေါ်​ပြီး လျှင်​အ​ပြစ်​တင်​စ​ကား​လျှောက်​လေ​သည်။-

လူ​တို့​သည်​မေ​ရှိ​ယ​ကြွ​လာ​တော့​မည်​ဟု​ယုံ ကြည်​လျက်​စောင့်​မျှော်​နေ​ချိန်​ဖြစ်​ရာ ``ယော​ဟန် သည်​မေ​ရှိ​ယ​ပင်​ဖြစ်​လေ​သ​လော'' ဟု​တွေး​တော နေ​ကြ​၏။-

ယေ​ရု​ရှ​လင်​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သည် ယဇ်​ပု​ရော​ဟိတ်​နှင့် လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့ တို့​ကို​ယော​ဟန်​ထံ​သို့​စေ​လွှတ်​၍ ``သင်​သည် အ​ဘယ်​သူ​နည်း'' ဟု​မေး​မြန်း​စေ​ကြ​၏။

ထို​အ​ခါ​လူ​တို့​သည်​ကိုယ်​တော်​ကို​ပေါက်​ရန် ခဲ​များ​ကို​ကောက်​ပြန်​၏။-

သူ​တို့​က ``ကောင်း​မြတ်​သော​အ​မှု​တစ်​စုံ​တစ်​ရာ ကို​သင်​ပြု​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်​မ​ဟုတ်။ သင်​သည်​လူ​စင်​စစ်​ဖြစ်​ပါ​လျက်​ဘု​ရား​ယောင် ဆောင်​ကာ ဘု​ရား​သ​ခင်​အား​ပြစ်​မှား​သည့်​စ​ကား ကို​ပြော​သော​ကြောင့်​ခဲ​နှင့်​ပေါက်​မည်'' ဟု​ဆို ကြ​၏။

``ဤ​အ​ကြောင်း​အ​ရာ​များ​ကို ဥ​ပ​မာ​တင်​စား ၍​ငါ​ပြော​ခဲ့​၏။ ဤ​သို့​ဥ​ပ​မာ​မ​တင်​စား​ဘဲ ခ​မည်း​တော်​၏​အ​ကြောင်း​ကို​ပွင့်​လင်း​စွာ ငါ ဖော်​ပြ​မည့်​အ​ချိန်​ရောက်​ရှိ​လာ​လိမ့်​မည်။-

ထို​သူ​တို့​က ``သင်​သည်​အ​ဘယ်​သူ​နည်း'' ဟု မေး​ကြ​၏။ သ​ခင်​ယေ​ရှု​က ``ငါ​အ​ဘယ်​သူ ဖြစ်​သည်​ကို​အ​စ​က​တည်း​က​သင်​တို့​အား ငါ​ပြော​ခဲ့​ပြီ။-

သင်​သည်​သေ​လွန်​သူ​ငါ​တို့​၏​အ​ဖ​အာ​ဗြ​ဟံ ထက်​ပင်​ကြီး​မြတ်​ပါ​သ​လော။ ပ​ရော​ဖက်​တို့ သည်​လည်း​သေ​လွန်​လေ​ပြီ။ သင်​သည်​မိ​မိ​ကိုယ် ကို​အ​ဘယ်​သူ​ဟု​ထင်​မှတ်​ပါ​သ​နည်း'' ဟု မေး​ကြ​၏။

ဤ​သို့​ဖြေ​ကြား​ကြ​ခြင်း​မှာ​ယု​ဒ​အာ​ဏာ ပိုင်​တို့​ကို​ကြောက်​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော် အား​မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​အ​သိ​အ​မှတ်​ပြု သူ​မှန်​သ​မျှ​အား တ​ရား​ဇ​ရပ်​မှ​ထုတ်​ပယ်​ရန် ယု​ဒ​အာ​ဏာ​ပိုင်​တို့​သ​ဘော​တူ​ဆုံး​ဖြတ် ထား​ပြီး​ဖြစ်​သ​တည်း။-

ငါ​တို့​သည်​ဤ​မျှော်​လင့်​ခြင်း​ရှိ​သ​ဖြင့်​အ​လွန် ရဲ​ရင့်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ