Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 10:12

Common Language Bible

သူ​ငှား​သည်​သိုး​ထိန်း​မ​ဟုတ်။ သိုး​ရှင်​လည်း​မ​ဟုတ် သ​ဖြင့် ဝံ​ပု​လွေ​လာ​သည်​ကို​မြင်​လျှင် သိုး​တို့​ကို စွန့်​၍​ထွက်​ပြေး​တတ်​၏။ သို့​ဖြစ်​၍​ဝံ​ပု​လွေ​သည် သိုး​တို့​ကို​ကိုက်​ဖမ်း​၍​က​စဥ့်​က​ရဲ​ဖြစ်​စေ တတ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

``သိုး​များ​အား​ဝံ​ပု​လွေ​စု​ထဲ​သို့​စေ​လွှတ်​သ​ကဲ့ သို့​သင်​တို့​အား​ငါ​စေ​လွှတ်​၏။ သို့​ဖြစ်​၍​မြွေ​ကဲ့​သို့ ပါး​နပ်​လိမ္မာ​ကာ​ချိုး​ကဲ့​သို့​အ​ဆိပ်​ကင်း​၍​နူး​ညံ့ သိမ်​မွေ့​ကြ​လော့။-

``သိုး​ရေ​ခြုံ​ဝံ​ပု​လွေ​သား​ရဲ​နှင့်​တူ​သော​မိစ္ဆာ ပ​ရော​ဖက်​တို့​ကို​သ​တိ​နှင့်​ရှောင်​ကြ​လော့။-

သူ​ငှား​သည်​သူ​ငှား​ဖြစ်​သည့်​အ​လျောက် သိုး​တို့ ကို​ဂ​ရု​မ​စိုက်​ဘဲ​ထွက်​ပြေး​တတ်​၏။-

တံ​ခါး​ပေါက်​က​ဝင်​သူ​မူ​ကား​သိုး​ထိန်း​ဖြစ်​၏။-

သိုး​ထိန်း​အား​တံ​ခါး​စောင့်​သည်​တံ​ခါး​ဖွင့်​၍ ပေး​တတ်​၏။ သိုး​တို့​သည်​သူ​၏​အ​သံ​ကို​နား ထောင်​တတ်​ကြ​၏။ သူ​သည်​သိုး​တို့​ကို​နာ​မည် ဖြင့်​ခေါ်​၍​သိုး​ခြံ​မှ​ထုတ်​ဆောင်​တတ်​၏။-

ငါ​မ​ရှိ​သည့်​နောက်​လူ​အ​ချို့​တို့​သည်​သင်​တို့ ထံ​သို့​ဝင်​ရောက်​၍ ရက်​စက်​ကြမ်း​ကြုတ်​သော ဝံ​ပု​လွေ​များ​ကဲ့​သို့​သိုး​များ​ကို​မ​ညှာ​ဘဲ ပြု​မူ​ကြ​မည်​ဖြစ်​ကြောင်း​ကို​ငါ​သိ​၏။-

သေ​သောက်​ကြူး​သူ​မ​ဖြစ်​စေ​ရ။ သူ​သည် ကြမ်း​တမ်း​သူ​မ​ဟုတ်​ဘဲ​နူး​ညံ့​သိမ်​မွေ့​သူ၊ ငြိမ်း​ချမ်း​မှု​ကို​လို​လား​သူ​ဖြစ်​ရ​မည်။ ငွေ ကို​ခုံ​မင်​တပ်​မက်​သူ​မ​ဖြစ်​ရ။-

သင်း​ထောက်​လူ​ကြီး​များ​သည်​လည်း​စာ​ရိတ္တ ကောင်း​မွန်​၍​ဟန်​ဆောင်​မှု​မ​ရှိ​သူ​များ​ဖြစ် ရ​မည်။ သူ​တို့​သည်​သေ​သောက်​ကြူး​သူ​များ၊ ငွေ​ကို​တပ်​မက်​သူ​များ​မ​ဖြစ်​စေ​ရ။-

ဒေ​မ​သည်​ဤ​လော​က​ကို​စွဲ​လမ်း​သ​ဖြင့်​ငါ့​ကို စွန့်​ခွာ​၍​သက်​သာ​လော​နိတ်​မြို့​သို့​ထွက်​ခွာ​သွား လေ​သည်။ က​ရက္ကေ​သည်​ဂ​လာ​တိ​ပြည်​သို့​လည်း ကောင်း၊ တိ​တု​သည်​ဒါ​လ​မာ​တိ​ပြည်​သို့​လည်း ကောင်း​သွား​ပြီ။-

အ​သင်း​တော်​ကို​ခေါင်း​ဆောင်​သူ​သည်​ဘု​ရား သ​ခင်​၏​အ​မှု​တော်​ကို​တာ​ဝန်​ယူ​၍ ဆောင်​ရွက် ရ​သူ​ဖြစ်​သ​ဖြင့်​အ​ပြစ်​ဆို​စ​ရာ​မ​ရှိ​သူ ဖြစ်​ရ​မည်။ သူ​သည်​မောက်​မာ​သူ၊ စိတ်​တို​သူ မ​ဖြစ်​စေ​ရ။ သေ​သောက်​ကြူး​သူ၊ ကြမ်း​တမ်း သူ၊ ငွေ​ကို​မက်​မော​သူ​မ​ဖြစ်​စေ​ရ။-

သင်​တို့​သည်​မိ​မိ​တို့​၌​အပ်​ထား​သော​ဘု​ရား သ​ခင်​၏​သိုး​စု​ကို​ကြည့်​ရှု​စောင့်​ထိန်း​ကြ​လော့။ တာ​ဝန်​ဝတ္တ​ရား​တစ်​ရပ်​အ​နေ​ဖြင့်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​သည့် အ​နေ​ဖြင့်​ဝမ်း​မြောက်​စွာ​စောင့်​ထိန်း​ကြ​လော့။ ငွေ​ကြေး​ရ​ရှိ​ရန်​အ​တွက်​မ​ဟုတ်​ဟူ​၍ စေ​တ​နာ​စိတ်​နှင့်​လုပ်​ဆောင်​ကြ​လော့။-

ဤ​မိစ္ဆာ​ဆ​ရာ​တို့​သည်​လော​ဘ​ကူး​လျက် မ​ဟုတ်​မ​မှန်​လုပ်​ကြံ​ပြော​ဆို​ကာ​အ​မြတ် ထုတ်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ​က​ပင်​လျှင်​သူ​တို့ အား​တ​ရား​စီ​ရင်​မည့်​အ​ရှင်​သည်​အ​သင့်​ရှိ​နေ တော်​မူ​လေ​ပြီ။ သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး တော်​မူ​မည့်​အ​ရှင်​သည်​အိပ်​ပျော်​လျက်​နေ တော်​မ​မူ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ