Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 1:33

Common Language Bible

ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို ယ​ခင်​က ငါ​မ​သိ။ သို့​သော်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ဘု​ရား​သ​ခင် က `ဝိ​ညာဉ်​တော်​သည်​ဆင်း​သက်​၍​တစ်​စုံ တစ်​ယောက်​သော​သူ​၏​အ​ပေါ်​မှာ​နား​တော်​မူ သည်​ကို​သင်​မြင်​ရ​လိမ့်​မည်' ဟု​ငါ့​အား မိန့်​တော်​မူ​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​နောင်​တ​ရ​သည့်​အ​တွက် ငါ​သည်​သင်​တို့ အား​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ ငါ​၏​နောက် တွင်​ကြွ​လာ​မည့်​အ​ရှင်​သည်​ကား သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း၊ ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။ ထို​အ​ရှင်​သည် ငါ့​ထက်​ကြီး​မြတ်​၏။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ် ကို​မျှ​မ​ကိုင်​ဆောင်​ထိုက်။-

သို့​ဖြစ်​၍​ယော​ဟန်​က ``ငါ​သည်​သင်​တို့​အား​ရေ ဖြင့်​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ပေး​၏။ သို့​ရာ​တွင်​ငါ့​ထက် ကြီး​မြတ်​သူ​သည်​ငါ့​နောက်​မှ​ပေါ်​ထွန်း​လိမ့်​မည်။ ငါ​သည်​ထို​အ​ရှင်​၏​ဖိ​နပ်​ကြိုး​ကို​မျှ​မ​ဖြေ​ထိုက်။ ထို​အ​ရှင်​သည်​သင်​တို့​အား​သန့်​ရှင်း​သော​ဝိညာဉ် တော်​ဖြင့်​လည်း​ကောင်း၊ မီး​ဖြင့်​လည်း​ကောင်း​ဗတ္တိဇံ မင်္ဂ​လာ​ကို​ပေး​တော်​မူ​လတ္တံ့။-

ကိုယ်​တော်​သည်​မည်​သူ​ဖြစ်​သည်​ကို​ယ​ခင် အ​ခါ​က​ငါ​မ​သိ။ သို့​ရာ​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သူ့​ကို​သိ​ရှိ​နိုင်​ကြ​စေ​ရန် ငါ သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​မင်္ဂလာ​ကို​ပေး​ခြင်း​ဖြစ်​၏'' ဟု​ဆို​၏။

သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ့​နာ​မ​ကြောင့် စေ​လွှတ်​တော်​မူ​မည့်​မ​စ​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သွန်​သင် ပေး​တော်​မူ​၍ ငါ​ပြော​ခဲ့​သ​မျှ​သော​အ​ရာ​တို့ ကို​သင်​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​တော် မူ​လိမ့်​မည်။

ဘု​ရား​သခင်​သည်​မိ​မိ​စေ​လွှတ်​တော်​မူ​သော​သူ အား​ဝိ​ညာဉ်​တော်​ကို​အ​ပြည့်​အ​ဝ​ချ​ပေး​တော် မူ​သည်​ဖြစ်​၍ ထို​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဖော်​ပြ​တတ်​၏။-

သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ ဆို​သည်​ကား၊ ရေ​နှင့်​ဝိညာဉ်​တော်​အား​ဖြင့်​မွေး ဖွား​လာ​သူ​မ​ဟုတ်​လျှင် အ​ဘယ်​သူ​မျှ​ဘု​ရား သ​ခင်​၏​နိုင်​ငံ​တော်​သို့​မ​ဝင်​ရ။-

သ​ခင်​ယေ​ရှု​သည်​ဘုန်း​အ​သ​ရေ​ပွင့်​တော်​မ​မူ သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​လည်း​ကိုယ်​တော် ကို​သက်​ဝင်​ယုံ​ကြည်​သူ​တို့​အား​မ​ပေး​မ​အပ် ရ​သေး​ပေ။ သို့​ဖြစ်​၍​ထို​သူ​တို့​ခံ​ယူ​ကြ​ရ မည့်​ဝိ​ညာဉ်​တော်​ကို​ရည်​မှတ်​၍ ဤ​သို့​ကြွေး ကြော်​တော်​မူ​ခြင်း​ဖြစ်​၏။

ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​ကို​ပေး​၏။ သို့​ရာ တွင်​သင်​တို့​မူ​ကား​ရက်​အ​နည်း​ငယ်​အ​တွင်း​၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိဇံ​ကို​ခံ​ယူ​ကြ ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

ထို​သူ​တို့​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့် ပြည့်​ဝ​လျက် ဝိ​ညာဉ်​တော်​ပေး​အပ်​တော်​မူ​သည့် တန်​ခိုး​စွမ်း​ရည်​အ​တိုင်း​ဘာ​သာ​စ​ကား အ​မျိုး​မျိုး​ဖြင့်​ဟော​ပြော​ကြ​ကုန်​၏။

ထို​နည်း​တူ​စွာ​ငါ​တို့​သည်​ယု​ဒ​လူ​မျိုး​ဖြစ် စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ၊ ကျွန်​ဖြစ်​စေ၊ လွတ်​လပ် သူ​ဖြစ်​စေ၊ ဝိ​ညာဉ်​တော်​တစ်​ပါး​တည်း​အား ဖြင့်​ကိုယ်​ခန္ဓာ​တစ်​ခု​တည်း​ထဲ​သို့​ဗတ္တိ​ဇံ​ခံ ယူ​ကြ​၏။ ငါ​တို့​ရှိ​သ​မျှ​သည်​ဝိ​ညာဉ်​တော် တစ်​ပါး​တည်း​ကို​သောက်​ကြ​ရ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ