ထိုအခါတပည့်တော်တို့သည်မိမိတို့ပတ်လည် သို့လှည့်ကြည့်ကြသော်လည်း သခင်ယေရှုမှတစ် ပါးအခြားမည်သူ့ကိုမျှမတွေ့ရကြတော့ပေ။
ထိုနောက်မိုးတိမ်တိုက်တစ်ခုသည်ပေါ်လာ၍သူတို့ အပေါ်သို့တိမ်ရိပ်ကျလေသည်။ ``ဤသူကားငါ ၏ချစ်သားဖြစ်၏။ သူ၏စကားကိုနားထောင် လော့'' ဟုမိုးတိမ်ကအသံတော်ထွက်ပေါ်လာ၏။-
ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည် တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်ကိုယ်တော် က ``သင်တို့တွေ့မြင်ခဲ့သည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။
ထိုအခါ၌သူတို့သည်မျက်စိပွင့်လာကြ သဖြင့်ကိုယ်တော်မှန်းသိကြလေသည်။ သို့ရာ တွင်ကိုယ်တော်သည်သူတို့၏မျက်မှောက်မှ ကွယ်ပျောက်သွားလေသည်။-
အသံတော်ထွက်ပေါ်ပြီးသည့်နောက်သခင်ယေရှု တစ်ပါးတည်းကိုသာလျှင်တပည့်တော်တို့မြင် ရကြ၏။ သူတို့သည်မိမိတို့တွေ့မြင်ရသည့် အကြောင်းအရာကိုထိုစဉ်အခါကမည်သူ့ ကိုမျှမပြောဘဲဆိတ်ဆိတ်နေကြ၏။
ဤသို့သုံးကြိမ်တိုင်တိုင်ဖြစ်ပျက်ပြီးနောက် ချက်ချင်းပင်ရွက်ထည်နှင့်တူသောအရာသည် မိုးကောင်းကင်သို့ပြန်လည်ရုပ်သိမ်းခြင်းကို ခံရလေသည်။