ရှင်မာကု 9:26Common Language Bibleနတ်သည်အော်ဟစ်ပြီးလျှင် သူငယ်ကိုပြင်းစွာတုန် တက်စေ၏။ ထိုနောက်သူ့ထံမှထွက်သွား၏။ သူငယ် သည်သူသေကဲ့သို့ဖြစ်နေသဖြင့် လူအများ ပင် ``သူငယ်သေပြီ'' ဟုပြောကြ၏။- အခန်းကိုကြည့်ပါ။ |
နတ်ပူးဝင်သည့်အခါတိုင်းသူသည်မြေပေါ်မှာ လဲကျတတ်ပါ၏။ ပါးစပ်မှအမြှုပ်များထွက် လျက်အံသွားများကြိတ်တတ်ပါသည်။ ထိုနောက် သူ၏ကိုယ်သည်တောင့်မာလာပါသည်။ အရှင်၏ တပည့်များအားထိုနတ်ကိုနှင်ထုတ်ပေးရန် အကျွန်ုပ်တောင်းပန်ပါသော်လည်းသူတို့သည် မတတ်နိုင်ကြပါ'' ဟုကိုယ်တော်အားလျှောက် ထား၏။
သို့ဖြစ်၍အချင်းမိုးကောင်းကင်နှင့်ကောင်းကင် သားတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။ ကုန်းမြေ နှင့်ပင်လယ်တို့အတွက်အမင်္ဂလာဖြစ်ပါသည် တကား။ အဘယ်ကြောင့်ဆိုသော်နတ်မိစ္ဆာဘုရင် သည် မိမိ၏နေ့ရက်ကာလအနည်းငယ်သာ ကျန်ရှိသည်ကိုသိသဖြင့်ပြင်းစွာအမျက် ထွက်လျက် သင်တို့ထံသို့ရောက်ရှိလာပြီ ဖြစ်သောကြောင့်တည်း'' ဟုပြောသည်ကို ငါကြားရ၏။