ရှင်မာကု 8:8Common Language Bibleလူတို့သည်ဝစွာစားရကြ၏။ စားကြွင်းစားကျန် များကိုပင်တောင်းခုနစ်တောင်းအပြည့်ကောက်သိမ်း ရကြ၏။- အခန်းကိုကြည့်ပါ။ |
မုန့်ငါးလုံးကိုလူငါးထောင်စား၍ဘယ်နှစ်တောင်း ကောက်သိမ်းရသည်ကိုသင်တို့သတိမရကြပါ သလော။ မုန့်ခုနစ်လုံးကိုလူလေးထောင်စား၍ဘယ် နှစ်တောင်းကောက်သိမ်းရသည်ကိုလည်းသတိမရ ကြပါသလော။ အစားအစာနှင့်ပတ်သက်၍ ငါပြောဆိုနေခြင်းမဟုတ်ကြောင်းကိုသင်တို့ အဘယ်ကြောင့်နားမလည်ကြသနည်း။-
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။