Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 8:22

Common Language Bible

ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ဗက်​ဇဲ​ဒ​ရွာ သို့​ရောက်​ကြ​၏။ ထို​အ​ခါ​လူ​တို့​သည်​မျက်​မ​မြင် တစ်​ယောက်​ကို​အ​ထံ​တော်​သို့​ခေါ်​ခဲ့​ပြီး​လျှင် ထို သူ​အား​လက်​တော်​နှင့်​တို့​ထိ​တော်​မူ​ရန် တောင်း​ပန်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ ဒ​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ငါ​ပြု​ခဲ့ သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ​ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့ တို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့​တို့​သည်​ရှေး​မ​ဆွ​က​ပင် လျှင်​လျှော်​တေ​ကို​ဝတ်​၍​ပြာ​နှင့်​လူး​လျက်​နောင်​တ ရ​ကြ​လိမ့်​မည်။-

ထို​နောက်​ဖျား​နာ​သူ​တို့​အား​ကိုယ်​တော်​၏​အ​ဝတ် တော်​အ​မြိတ်​ကို​မျှ​တို့​ထိ​နိုင်​ခွင့်​ပြု​ရန်​တောင်း​ပန် ကြ​၏။ ဤ​သို့​တို့​ထိ​ရ​သူ​အ​ပေါင်း​တို့​သည်​လည်း ကျန်း​မာ​သွား​ကြ​၏။

ကိုယ်​တော်​သည်​ထို​အ​မျိုး​သ​မီး​၏​လက်​ကို​တို့​ထိ တော်​မူ​လျှင် သူ​မ​သည်​အ​ဖျား​ပျောက်​သွား​သ​ဖြင့် ထ​၍​ကိုယ်​တော်​အား​ဧည့်​သည်​ဝတ်​ပြု​လေ​၏။

သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ``ငါ​အ​လို ရှိ​၏။ သန့်​စင်​စေ'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ထို​သူ ကို​တို့​တော်​မူ​၏။ ချက်​ချင်း​ထို​သူ​သည်​အ​ရေ ပြား​ရော​ဂါ​မှ​သန့်​စင်​၍​သွား​လေ​သည်။-

ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​ယုံ​ကြည်​သည့် အ​တိုင်း​ဖြစ်​စေ'' ဟု​မိန့်​တော်​မူ​လျက်​သူ​တို့​၏ မျက်​စိ​များ​ကို​လက်​ဖြင့်​တို့​ထိ​တော်​မူ​၏။-

ထို​အ​ခါ​လူ​လေး​ယောက်​တို့​သည်​လေ​ဖြတ်​သူ တစ်​ဦး​ကို ထမ်း​စင်​ဖြင့်​အ​ထံ​တော်​သို့​ယူ​ဆောင် လာ​ကြ​၏။-

ကိုယ်​တော်​သည်​များ​စွာ​သော​လူ​မ​မာ​တို့​ကို ကျန်း​မာ​စေ​တော်​မူ​ခဲ့​သ​ဖြင့် ရော​ဂါ​ရှိ​သူ ဟူ​သ​မျှ​သည်​ကိုယ်​တော်​ကို​တို့​ထိ​ခွင့်​ရ​ရန် အ​ထံ​တော်​သို့​တိုး​ဝှေ့​၍​လာ​ကြ​၏။-

ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား​အိမ် သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​မှာ​ပင်​တ​ပည့် တော်​တို့​အား​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍ အိုင်​တစ် ဖက်​ကမ်း​ရှိ​ဗက်​ဇဲ​ဒ​ရွာ​သို့​ကူး​နှင့်​စေ​တော်​မူ​၏။-

``အို ခေါ​ရာ​ဇိန်​မြို့၊ သင်​သည်​အ​မင်္ဂ​လာ​ရှိ​၏။ အို ဗက်​ဇဲ​ဒ​မြို့၊ သင်​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​၏။ သင်​တို့​တွင်​ပြု​ခဲ့​သည့်​အံ့​ဖွယ်​အ​မှု​အ​ရာ​များ ကို​တု​ရု​နှင့်​ဇိ​ဒုံ​မြို့​တွင်​သာ​ပြု​ခဲ့​ပါ​မူ ထို​မြို့ တို့​သည်​ရှေး​မ​ဆွ​က​ပင်​လျှော်​တေ​ကို​ဝတ်​၍ ပြာ ထဲ​မှာ​ထိုင်​လျက်​နောင်​တ​ရ​ပြီး​ဖြစ်​လိမ့်​မည်။-

တ​မန်​တော်​တို့​သည်​ကိုယ်​တော်​ထံ​သို့​ပြန်​လာ​ကြ လျက် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ​တို့​ကို​လျှောက် ထား​ကြ​၏။ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​၍ ဗက်​ဇဲ​ဒ​နာ​မည်​တွင်​သော​မြို့​သို့​ကြွ​တော်​မူ​၏။-

(ဖိ​လိပ္ပု​သည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ်​၏။ ဗက်​ဇဲ​ဒ မြို့​ကား​အန္ဒြေ​နှင့်​ပေ​တ​ရု​တို့​နေ​ထိုင်​ရာ​မြို့ တည်း။)-

သူ​တို့​သည် (ဂါ​လိ​လဲ​ပြည်​ဗက်​ဇဲ​ဒ​မြို့​သား​ဖြစ် သူ) ဖိ​လိပ္ပု​ထံ​သို့​သွား​ကြ​၍ ``ဆ​ရာ၊ အ​ကျွန်ုပ် တို့​သည်​သ​ခင်​ယေ​ရှု​ကို​မြင်​လို​ပါ​သည်'' ဟု ပြော​ကြား​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ