ရှင်မာကု 7:5Common Language Bibleသို့ဖြစ်၍ဖာရိရှဲနှင့်ကျမ်းတတ်ဆရာများ က ``အဘယ်ကြောင့်ကိုယ်တော်၏တပည့်များသည် ရှေးလူကြီးများ၏ထုံးတမ်းစဉ်လာများကို မလိုက်နာကြသနည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။- အခန်းကိုကြည့်ပါ။ |
`သင်သည်လူမျိုးခြားတို့အထဲတွင်နေထိုင် ကြသောယုဒအမျိုးသားများအား သင်တို့ ၏ကလေးများကိုအရေဖျားလှီးမင်္ဂလာ မပေးကြနှင့်။ သင်တို့သည်ယုဒထုံးတမ်း စဉ်လာများကိုမလိုက်နာကြနှင့်' ဟုဆိုကာ မောရှေ၏တရားကိုစွန့်ပယ်စေရန်သွန်သင် လျက်ရှိကြောင်းထိုသူတို့ကြားသိကြ၏။-
ထိုသူတို့ကိုခေါ်သွားပြီးလျှင်သန့်စင်ခြင်း မင်္ဂလာကိုသူတို့နှင့်အတူပြုပါလော့။ သူတို့ အတွက်ဦးခေါင်းရိတ်ခငွေကိုသင်ကျခံပါ။ ဤသို့ပြုပါမူသင့်အကြောင်းလူတို့ကြားခဲ့ ကြသည့်သတင်းစကားများမှာ အခြေအမြစ် မရှိကြောင်းကိုလည်းကောင်း၊ သင်ကိုယ်တိုင်ပင် လျှင်ပညတ်တရားကိုတိကျစွာစောင့်ထိန်း ကြောင်းကိုလည်းကောင်းလူတိုင်းသိရှိပါ လိမ့်မည်။-