Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 7:37

Common Language Bible

ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ကြား​ရ​သည့် လူ​အ​ပေါင်း​တို့​သည်​လွန်​မင်း​စွာ​အံ့​သြ​ကြ လျက် ``ကိုယ်​တော်​သည်​ခပ်​သိမ်း​သော​အ​မှု​တို့ ကို​လျောက်​ပတ်​စွာ​ပြု​တော်​မူ​ပြီ။ နား​ပင်း​သူ​တို့ ကို​ကြား​စေ​တော်​မူ​ပြီ။ ဆွံ့​အ​သူ​တို့​ကို​စ​ကား ပြော​စေ​တော်​မူ​ပြီ'' ဟု​ပြော​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည်​ဖန်​ဆင်း​တော်​မူ​ခဲ့​သ​မျှ တို့​ကို​ရှု​မြင်​၍ အ​လွန်​နှစ်​သက်​တော်​မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ဆ​ဋ္ဌ​မ​နေ့​ရက် ဖြစ်​လေ​၏။

ကိုယ်​တော်​သည်​ကြောက်​ရွံ့​ဖွယ်​ကောင်း​သော​အ​ရှင် ဖြစ်​တော်​မူ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သ​မျှ​သော​အ​မှု အ​ရာ​တို့​သည် ထူး​ဆန်း​အံ့​သြ​ဖွယ်​ကောင်း​ကြောင်း​ကျွန်​တော်​မျိုး အ​သေ​အ​ချာ​သိ​ပါ​၏။

ထို​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​သော အ​ခါ​နား​ဆွံ့​သူ​များ​သည် စာ​ဖတ်​သည့် အ​သံ​ကို​ကြား​လိမ့်​မည်။ မှောင်​မိုက်​တွင်​နေ ထိုင်​ရ​သူ​မျက်​မ​မြင်​များ​သည်​လည်း မျက်​စိ​ပွင့်​၍​မြင်​ကြ​လိမ့်​မည်။-

ထို​သူ​တို့​ထွက်​ခွာ​သွား​ကြ​စဉ်​လူ​အ​ချို့​တို့​သည် နတ်​မိစ္ဆာ​ပူး​ဝင်​၍​ဆွံ့​အ​နေ​သူ​လူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့​ခေါ်​ခဲ့​ကြ​၏။-

လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ အ​ချင်း​အ​ရာ​ကား​အ​ဘယ်​သို့​နည်း။ သြ​ဝါ​ဒ​သစ် တစ်​မျိုး​ပေ​လော။ သူ​သည်​ညစ်​ညမ်း​သော​နတ်​များ​ကို အာ​ဏာ​နှင့်​အ​မိန့်​ပေး​၍ နတ်​တို့​က​လိုက်​နာ​ကြ သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-

လူ​ပ​ရိ​သတ်​ရှေ့​မှောက်​၌​ပင်​ထို​သူ​သည်​ထ​၍ ထမ်း​စင်​ကို​ထမ်း​ပြီး​လျှင်​ထွက်​သွား​လေ​သည်။ ယင်း​သို့​ထ​၍​ထွက်​သွား​သ​ဖြင့်​လူ​အ​ပေါင်း တို့​သည်​လွန်​စွာ​အံ့​သြ​ကြ​၏။ ``ဤ​အ​ချင်း အ​ရာ​မျိုး​ကို​ငါ​တို့​အ​ဘယ်​အ​ခါ​က​မျှ မ​မြင်​စ​ဖူး'' ဟု​ဆို​ကာ​ဘု​ရား​သ​ခင်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။

ထို​အ​ခါ​သူ​တို့​သည်​လွန်​စွာ​ထိတ်​လန့်​ကြ​၏။ ``ဤ သူ​ကား​အ​ဘယ်​သူ​နည်း။ လေ​နှင့်​လှိုင်း​များ​ပင် လျှင်​သူ​၏​အ​မိန့်​ကို​လိုက်​နာ​ကြ​သည်​တ​ကား'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

ကိုယ်​တော်​မိန့်​တော်​မူ​သည့်​ခ​ဏ​၌ သူ​ငယ်​မ​သည် ထ​၍​လမ်း​လျှောက်​လေ​၏။ (သူ​ငယ်​မ​ကား​တစ်​ဆယ့် နှစ်​နှစ်​သ​မီး​ဖြစ်​သ​တည်း။) ထို​အ​ခါ​လူ​တို့ သည်​လွန်​စွာ​အံ့​သြ​ကြ​ကုန်​သည်။-

ထို​နောက်​သူ​တို့​ရှိ​ရာ​လှေ​ပေါ်​သို့​တက်​တော် မူ​၏။ ထို​ခ​ဏ​၌​လေ​ငြိမ်​သွား​၏။ သူ​တို့​သည် လွန်​မင်း​စွာ​အံ့​သြ​တွေ​ဝေ​လျက်​နေ​ကြ​၏။-

ကိုယ်​တော်​သည်​ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း ကို မည်​သူ​အား​မျှ​မ​ပြော​ကြ​ရန်​လူ​တို့​အား တား​မြစ်​တော်​မူ​၏။ သို့​သော်​လည်း​ကိုယ်​တော် တား​မြစ်​တော်​မူ​လေ၊ သူ​တို့​သည်​ထို​သ​တင်း ကို​ကြေ​ညာ​လေ​ဖြစ်​၏။-

မ​ကြာ​မီ​လူ​ပ​ရိ​သတ်​ကြီး​စု​ရုံး​မိ​ပြန်​၏။ သူ တို့​မှာ​စား​စ​ရာ​မ​ရှိ​ကြ​သ​ဖြင့် ကိုယ်​တော်​သည် တ​ပည့်​တော်​တို့​ကို​ခေါ်​တော်​မူ​၍၊-

ငါ​တို့​သည်​အ​ပြစ်​အ​လျောက် ထိုက်​သင့်​သော အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။ ဤ​အ​ရှင်​မှာ​မူ​ကား အ​ဘယ်​အ​ပြစ်​ကို​မျှ​မ​ကူး​လွန်​ခဲ့'' ဟု​ပြော ဆို​ဆုံး​မ​၏။-

လူ​ပရိသတ်​တို့​သည်​ပေါ​လု​ပြု​သော​အ​မှု အ​ရာ​ကို​မြင်​လျှင် ``နတ်​ဘု​ရား​တို့​သည်​လူ့ အ​သွင်​ကို​ဆောင်​၍ ငါ​တို့​ထံ​သို့​သက်​ဆင်း လာ​လေ​ပြီ'' ဟု​မိ​မိ​တို့​လု​ကော​နိ​ဘာ​သာ စ​ကား​ဖြင့်​ကြွေး​ကြော်​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ