ရှင်မာကု 7:21Common Language Bibleလူအတွင်းရှိစိတ်နှလုံးထဲမှညစ်ညမ်းသော အကြံအစည်များထွက်လာ၏။ ကာမဂုဏ် လိုက်စားခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လူ့အသက် ကိုသတ်ခြင်း၊- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ကိုပုန်ကန် ကြပါ၏။ ကိုယ်တော်ရှင်ကိုပစ်ပယ်ကာနောက် တော်သို့လိုက်ရန်ငြင်းဆန်ခဲ့ကြပါ၏။ ကျွန် တော်မျိုးတို့သည်သူတစ်ပါးတို့အားနှိပ်စက် ညှင်းဆဲ၍ကိုယ်တော်ရှင်ကိုလည်းပုန်ကန်ကြ ပါပြီ။ ကျွန်တော်မျိုးတို့၏အကြံအစည် များသည်မူမမှန်ပါ။ ကျွန်တော်မျိုးတို့၏ စကားများသည်လည်းမုသားဖြစ်ပါ၏။-
အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-