Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 7:18

Common Language Bible

ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​မျှ​ပင်​အ​သိ​ဉာဏ် ကင်း​မဲ့​လျက်​နေ​ကြ​သ​လော။ လူ​၏​အ​တွင်း​သို့ ပြင်​ပ​မှ​ဝင်​သည့်​အ​ရာ​တစ်​စုံ​တစ်​ခု​မျှ​စိတ် နှ​လုံး​ထဲ​သို့​မ​ဝင်။ အ​စာ​အိမ်​သို့​သာ​ဝင်​ပြီး လျှင် အိမ်​သာ​တွင်း​သို့​သက်​ဆင်း​သွား​သော​ကြောင့် လူ​၏​ကိုယ်​တွင်း​သို့​ဝင်​သည့်​အ​ရာ​သည် လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်​ကြောင်း​ကို သင်​တို့​နား​မ လည်​ကြ​သ​လော'' ဟု​မိန့်​တော်​မူ​၏။ (ဤ​သို့ မိန့်​တော်​မူ​ခြင်း​အား​ဖြင့် မ​စား​အပ်​သည့် အ​စား​အ​စာ​ဟူ​၍​မ​ရှိ​ကြောင်း​ရှင်း​ပြ တော်​မူ​သ​တည်း။)

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

လူ​ကို​ညစ်​ညမ်း​စေ​သည့်​အ​ရာ​ကား​ခံ​တွင်း​သို့ ဝင်​သည့်​အ​ရာ​မ​ဟုတ်။ ခံ​တွင်း​မှ​ထွက်​သည့်​အ​ရာ သာ​လျှင်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​သည်။

ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို​ရှောင်​ကြဉ် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​ကြ​လျှင် အ​ဘယ်​ပုံ​ဥ​ပ​မာ​ကို​နား လည်​နိုင်​ကြ​မည်​နည်း။-

ကိုယ်​တော်​သည်​ပ​ရိ​သတ်​ရှိ​ရာ​မှ​ကြွ​၍​အိမ်​ထဲ သို့​ဝင်​တော်​မူ​သော​အ​ခါ တ​ပည့်​တော်​တို့​သည် ကိုယ်​တော်​မိန့်​တော်​မူ​ခဲ့​သည့်​ပုံ​ဥ​ပ​မာ​၏​အ​နက် အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ကြ​၏။-

ထို​အ​ခါ​ကိုယ်​တော်​က ``ပ​ရော​ဖက်​များ​ဟော ကြား​ခဲ့​သ​မျှ​ကို​ယုံ​ကြည်​ရန်​အ​လွန်​နှေး ကွေး​သော​အို​လူ​မိုက်​တို့၊-

သ​ခင်​ယေ​ရှု​က ``သင်​သည်​ဣသ​ရေ​လ​အ​မျိုး သား​တို့​၏​ဆ​ရာ​တစ်​ဦး​ဖြစ်​ပါ​လျက် ဤ အ​မှု​အ​ရာ​အ​ကြောင်း​ကို​မ​သိ​သ​လော။-

ကြေ​ခဲ​သော​အ​စား​အ​စာ​ကို​သင်​တို့​မ​စား နိုင်​ကြ​သေး​သ​ဖြင့် ငါ​သည်​သင်​တို့​အား​နို့ ကို​သာ​တိုက်​ကျွေး​ရ​၏။ ယ​ခု​တိုင်​အောင်​သင် တို့​သည်​အ​စာ​မ​ကြေ​နိုင်​ကြ။-

ဤ​အ​ကြောင်း​အ​ရာ​နှင့်​ပတ်​သက်​၍ ငါ​တို့​ပြော ဆို​စ​ရာ​များ​စွာ​ရှိ​၏။ သို့​ရာ​တွင်​သင်​တို့​သည် ဉာဏ်​လေး​သူ​များ​ဖြစ်​သ​ဖြင့် သင်​တို့​အား ရှင်း​လင်း​ဖော်​ပြ​ရန်​ခက်​ပေ​သည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ