Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 7:15

Common Language Bible

လူ​၏​အ​ပြင်​အ​ပ​မှ​ဝင်​သည့်​အ​ရာ​သည်​လူ​ကို မ​ညစ်​ညမ်း​စေ​နိုင်။ အ​တွင်း​မှ​ထွက်​သည့်​အ​ရာ သည်​သာ​လူ​ကို​ညစ်​ညမ်း​စေ​နိုင်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

နှလုံးသည်အသက်၏အခြေအမြစ် ဖြစ်သော ကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့။

အ​ချင်း​မြွေ​ဆိုး​အ​မျိုး​တို့၊ သင်​တို့​သည်​ဆိုး​ယုတ် သူ​များ​ဖြစ်​သ​ဖြင့် အ​ဘယ်​သို့​လျှင်​ကောင်း​မြတ် သည့်​စ​ကား​ကို​ပြော​နိုင်​ကြ​ပါ​မည်​နည်း။ စိတ် နှ​လုံး​၌​ပြည့်​လျှံ​နေ​သည့်​အ​ရာ​များ​ကို​နှုတ် က​ဖော်​ပြ​တတ်​၏။-

ကိုယ်​တော်​က ``သင်​တို့​ပင်​လျှင်​ယ​ခု​တိုင်​အောင် အ​သိ​ဉာဏ်​ကင်း​မဲ့​လျက်​ရှိ​နေ​ကြ​သေး​သ​လော။-

ထို​နောက်​ကိုယ်​တော်​သည်​လူ​ပ​ရိ​သတ်​တို့​အား အ​ထံ​တော်​သို့​တစ်​ဖန်​ခေါ်​တော်​မူ​ပြီး​လျှင် ``ငါ့ စ​ကား​ကို​သင်​တို့​အား​လုံး​နာ​ယူ​သိ​မှတ်​ကြ လော့။-

(နား​ရှိ​သူ​တို့​ကြား​ကြ​ကုန်​လော့)'' ဟု မိန့်​တော်​မူ​၏။-

ထို​သူ​တို့​အား​ပေ​တ​ရု​က ``ယု​ဒ​အ​မျိုး​သား သည်​လူ​မျိုး​ခြား​များ​နှင့်​မ​ပေါင်း​မ​သင်း​ရ ဟူ​၍​လည်း​ကောင်း၊ သူ​တို့​၏​ထံ​သို့​အ​လည် အ​ပတ်​မ​သွား​ရ​ဟူ​၍​လည်း​ကောင်း၊ ဘာ​သာ တ​ရား​က​တား​မြစ်​သည်​ကို​သင်​တို့​သိ​ကြ​၏။ သို့​သော်​မည်​သူ့​ကို​မျှ​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​ညစ်​ညမ်း​သူ​သို့​မ​ဟုတ် မ​သန့်​စင်​သူ ဟူ​၍​မ​ခေါ်​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ့ အား​ဖော်​ပြ​တော်​မူ​ပြီ။-

ငါ​တို့​ကို​ဘု​ရား​သ​ခင်​အုပ်​စိုး​တော်​မူ​ခြင်း ဆို​သည်​မှာ​အ​စား​အ​သောက်​နှင့်​မ​စပ်​ဆိုင်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​မှ​ရ​ရှိ​သော​ငြိမ် သက်​ခြင်း၊ ဝမ်း​မြောက်​ခြင်း​တို့​နှင့်​သာ​စပ် ဆိုင်​၏။-

သင်​တို့​၏​သြတ္တ​ပ္ပ​စိတ်​ကို​ထောက်​၍ စျေး​တွင်​ရောင်း သည့်​အ​မဲ​သား​ကို​စစ်​ဆေး​မေး​မြန်း​ခြင်း​မ​ပြု ဘဲ​ဝယ်​၍​စား​ကြ​လော့။-

မိ​မိ​တို့​ကိုယ်​တိုင်​စိတ်​နှ​လုံး​စင်​ကြယ်​သန့်​ရှင်း သူ​တို့​အ​ဖို့​မှာ မည်​သည့်​အ​ရာ​မ​ဆို​စင်​ကြယ် သန့်​ရှင်း​၏။ သို့​သော်​မိ​မိ​တို့​ကိုယ်​တိုင်​မ​စင် ကြယ်​မ​ယုံ​ကြည်​သူ​တို့​အ​ဖို့​မှာ​မူ​ကား အ​ဘယ်​အ​ရာ​မျှ​စင်​ကြယ်​သန့်​ရှင်း​သည်​ဟူ​၍ မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​၏​စိတ် နှ​လုံး​နှင့်​သြတ္တ​ပ္ပ​စိတ်​သည်​ညစ်​ညမ်း​နေ​သော ကြောင့်​ဖြစ်​၏။-

သင်​တို့​သည်​လမ်း​လွဲ​၍​ကွဲ​လွဲ​ထူး​ခြား​သော အ​ယူ​ဝါ​ဒ​အ​မျိုး​မျိုး​တို့​ဆွဲ​ဆောင်​ရာ​သို့ လိုက်​ပါ​မ​သွား​ကြ​နှင့်။ အ​စား​အ​စာ​နှင့် ဆိုင်​သော​ပ​ညတ်​များ​ကို​စောင့်​ထိန်း​ခြင်း မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် မှ​ငါ​တို့​ဝိ​ညာဉ်​ခွန်​အား​ရ​ရှိ​လျှင်​ကောင်း ပေ​၏။ ထို​ပ​ညတ်​များ​ကို​စောင့်​ထိန်း​သူ တို့​သည်​ကောင်း​ကျိုး​ကို​မ​ခံ​ရ​ကြ​ပေ။

ထို​အ​ရာ​တို့​သည်​အ​စား​အ​သောက်​များ၊ ဆေး ကြော​သန့်​စင်​ခြင်း​ဝတ်​အ​မျိုး​မျိုး​နှင့်​ဆိုင်​၏။ ယင်း​တို့​သည်​အ​ပြင်​အ​ပ​နှင့်​ဆိုင်​သည့်​စည်း မျဉ်း​များ​ဖြစ်​၍ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​အ​သစ်​ပြု​ပြင်​တော်​မူ​မည့် ကာ​လ​တိုင်​အောင်​သာ​လျှင်​တည်​ရှိ​နေ​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ