ကိုယ်တော်သည်စိမ်းလန်းသောမြက်ခင်းပေါ်တွင် လူအပေါင်းတို့ကိုအစုလိုက်ထိုင်ကြစေရန် တပည့်တော်တို့အားစေခိုင်းတော်မူ၏။-
ကိုယ်တော်သည်လူပရိသတ်ကိုမြေပေါ်တွင် ထိုင်ရန်အမိန့်ပေးတော်မူ၏။-
ကိုယ်တော်က ``သင်တို့ထံတွင်အစားအစာမည် မျှရှိသနည်း။ သွား၍ကြည့်ကြလော့'' ဟုမိန့်တော် မူ၏။ သူတို့သည်ကြည့်၍တွေ့သောအခါ ``မုန့်ငါးလုံး နှင့်ငါးနှစ်ကောင်ရှိပါသည်'' ဟုလျှောက်ကြ၏။
လူတို့သည်အစုလိုက်တစ်ရာစီ၊ ငါးဆယ်စီ၊ စီတန်း၍ထိုင်ကြ၏။-
(အဘယ်ကြောင့်ဤသို့လျှောက်ထားရသနည်း ဆိုသော်လူပရိသတ်ဦးရေငါးထောင်ခန့်ရှိ သောကြောင့်ဖြစ်၏။) ကိုယ်တော်က ``ဤသူတို့ကိုငါးဆယ်ခန့်စီ အစုလိုက်ထိုင်စေကြလော့'' ဟုမိန့်တော်မူ သည်။-
ကိုယ်တော်က ``လူတို့အားထိုင်စေကြလော့'' ဟု မိန့်တော်မူ၏။ (ထိုအရပ်တွင်မြက်ထူထပ်သဖြင့်) ငါးထောင်မျှသောလူတို့သည်မြက်ပေါ်တွင် ထိုင်ကြ၏။-
အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် စည်းမဲ့ကမ်းမဲ့ပြုမူခြင်းကိုလိုလားတော် မမူ။ ငြိမ်ဝပ်ပိပြားမှုကိုလိုလားတော်မူ သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏အသင်းတော်အပေါင်းတို့တွင် ကျင့်သုံးသည့်မူအတိုင်း၊-
ခပ်သိမ်းသောအမှုတို့ကိုလျောက်ပတ်စွာစနစ် တကျလုပ်ဆောင်ကြလော့။