Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 6:31

Common Language Bible

များ​စွာ​သော​လူ​တို့​သည်​ဝင်​ထွက်​သွား​လာ​လျက် ရှိ​ကြ​သ​ဖြင့် သ​ခင်​ယေ​ရှု​နှင့်​တ​မန်​တော်​တို့​သည် အ​စား​အ​စာ​သုံး​ဆောင်​ရန်​အ​ချိန်​ပင်​မ​ရ​ကြ။ ထို့​ကြောင့်​ကိုယ်​တော်​က ``ငါ​တို့​ဆိတ်​ကွယ်​ရာ အ​ရပ်​သို့​သွား​၍​ခေတ္တ​မျှ​နား​နေ​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ဤ​သ​တင်း​ကို​သ​ခင်​ယေ​ရှု​ကြား​တော်​မူ​လျှင် ထို​အ​ရပ်​မှ​တစ်​ကိုယ်​တည်း​ဆိတ်​ကွယ်​ရာ​အ​ရပ် သို့​လှေ​ဖြင့်​ကြွ​တော်​မူ​၏။ အ​မြို့​မြို့​မှ​လူ​ပ​ရိ သတ်​တို့​သည်​လည်း​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ ကြောင်း​ကြား​ကြ​လျှင်​နောက်​တော်​သို့​ကုန်း​ကြောင်း ဖြင့်​လိုက်​ကြ​၏။-

ထို​သူ​သည်​ထွက်​ခွာ​၍​သွား​၏။ သို့​ရာ​တွင်​မိ​မိ​၏ အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ပြော​ကြား​လေ​သည်။ ထို​သ​တင်း​သည်​လွန်​စွာ ပြန့်​သွား​ရ​ကား​သ​ခင်​ယေ​ရှု​သည် အ​ဘယ်​မြို့​သို့​မျှ အ​ထင်​အ​ရှား​မ​ဝင်​နိုင်​တော့​ချေ။ ဆိတ်​ကွယ်​ရာ မြို့​ပြင်​ဒေ​သ​များ​မှာ​သာ​နေ​ရ​၏။ သို့​သော် အ​ရပ်​ရပ်​မှ​လူ​အ​ပေါင်း​တို့​သည်​အ​ထံ​တော် သို့​လာ​ရောက်​ကြ​ကုန်​၏။

ထို​နောက်​ကိုယ်​တော်​သည်​အိမ်​သို့​ပြန်​တော်​မူ​၏။ လူ တို့​သည်​စု​ရုံး​လာ​ကြ​ပြန်​သည်။ ထို့​ကြောင့်​ကိုယ်​တော် နှင့်​တ​ပည့်​တော်​တို့​မှာ​အ​စား​အ​စာ​သုံး​ဆောင်​ရန် ပင်​အ​ခွင့်​မ​ရ​ကြ။-

သ​ခင်​ယေ​ရှု​သည်​တ​ပည့်​တော်​များ​နှင့်​အ​တူ ဂါ​လိ လဲ​အိုင်​သို့​ကြွ​တော်​မူ​၏။ ထို​အ​ခါ​ဂါ​လိ​လဲ​ပြည် မှ​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​ယု​ဒ ပြည်၊ ဣ​ဒု​မဲ​ပြည်​နှင့်​ယော်​ဒန်​မြစ်​တစ်​ဖက်​ကမ်း မှ​လည်း​ကောင်း၊ တု​ရု​နှင့်​ဇိ​ဒုန်​မြို့​ပတ်​ဝန်း​ကျင် အ​ရပ်​များ​မှ​လည်း​ကောင်း​များ​စွာ​သော​လူ​တို့ သည် ကိုယ်​တော်​ပြု​တော်​မူ​သည့်​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့်​ကိုယ်​တော် နောက်​သို့​လိုက်​ကြ​ကုန်​၏။-

ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​သ​ခင်​ယေ​ရှု​သည် ဂါ​လိ​လဲ​အိုင် (တိ​ဗေ​ရိ​အိုင်​ဟု​လည်း​ခေါ်​သည်) ကို​ကူး​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ