ငါ၏နိုင်ငံတစ်ဝက်တိုင်အောင်သင်တောင်းသမျှ ကိုငါပေးမည်'' ဟုကျိန်ဆို၍ပြော၏။
မင်းကြီးက``ယနေ့နေမဝင်မီဧလိရှဲဦးခေါင်း မပြတ်လျှင် ထာဝရဘုရားသည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုကျိန်ဆိုတော်မူ ပြီးနောက်၊-
မင်းကြီးက``မိဖုရားဧသတာ၊ အကြောင်း အဘယ်သို့ရှိသနည်း။ သင်တောင်းလိုသော ဆုကိုငါ့အားပြောကြားလော့။ ငါ၏အင်ပါ ယာနိုင်ငံတစ်ဝက်ကိုပင်တောင်းလျှင်ငါပေး မည်'' ဟုဆို၏။
မင်းကြီးသည်စပျစ်ရည်သောက်လျက်နေစဉ် ဧသတာအား``သင်တောင်းလိုသောဆုကိုငါ့ အားပြောကြားလော့။ သင့်အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော်တစ်ဝက်ကိုပင် တောင်းခံလျှင်ငါပေးမည်'' ဟုမိန့်တော်မူ၏။
ဒုတိယအကြိမ်သွားရောက်ကြ၏။ မင်းကြီး သည်စပျစ်ရည်သောက်လျက်နေစဉ်ဧသတာ အား``မိဖုရားဧသတာ၊ အဘယ်ဆုကိုတောင်း လိုပါသနည်း။ ငါ့အားပြောကြားလော့။ သင့် အားငါပေးမည်။ ငါ၏အင်ပါယာနိုင်ငံတော် တစ်ဝက်တိုင်အောင်သင့်အားငါပေးမည်'' ဟု မိန့်တော်မူ၏။
ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ။
သို့ဖြစ်၍ဟေရုဒ်သည်သူငယ်မနှစ်သက်ရာ ဆုကိုပေးမည်ဟုကျိန်ဆို၍ကတိပြု၏။
ထိုနောက် ``ကိုယ်တော်သည်ငါ့အားဦးညွှတ်ရှိခိုး မည်ဆိုပါကဤအရာအလုံးစုံကိုငါပေး မည်'' ဟုဆို၏။
သူငယ်မသည်မင်းကြီး၏ထံမှထွက်သွားကာ မိခင်အား ``ကျွန်မသည်အဘယ်အရာကို တောင်းခံရပါမည်နည်း'' ဟုမေး၏။ မိခင်က ``ဗတ္တိဇံဆရာယောဟန်၏ဦးခေါင်းကိုတောင်း လော့'' ဟုဆို၏။
ထိုအခါရှောလုက``ဤအမှုကိုပြုသည့် အတွက်သင်အပြစ်ဒဏ်မသင့်စေရပါဟု အသက်ရှင်တော်မူသောထာဝရဘုရား ကိုတိုင်တည်၍ငါကျိန်ဆိုကတိပြုပါ၏'' ဟုဆိုလျှင်၊