ထိုနောက်ပေတရု၊ ယာကုပ်နှင့်ယာကုပ်၏ညီ ယောဟန်တို့မှတစ်ပါး မည်သူကိုမျှကိုယ်တော် နှင့်အတူလိုက်ခွင့်ပြုတော်မမူ။-
ခြောက်ရက်မျှကြာသော်သခင်ယေရှုသည်ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်တို့ကိုမြင့်သော တောင်ပေါ်သို့ခေါ်ဆောင်သွားတော်မူ၏။ အခြား မည်သူတစ်စုံတစ်ယောက်မျှမပါချေ။-
ပေတရုနှင့်ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ကိုယ်တော်သည်စိတ်မချမ်း မသာဖြစ်တော်မူလျက်လွန်စွာသောကရောက် တော်မူသဖြင့်၊-
ပေတရု၊ ယာကုပ်နှင့်ယောဟန်တို့ကိုမိမိနှင့် အတူခေါ်ဆောင်သွားတော်မူ၏။ ကိုယ်တော်သည် ပြင်းစွာပူပင်သောကဖြစ်တော်မူသဖြင့်၊-
ခြောက်ရက်မျှကြာသော်သခင်ယေရှုသည်ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုမြင့်သောတောင်ပေါ်သို့ ခေါ်ဆောင်သွားတော်မူ၏။ အခြားတစ်စုံတစ် ယောက်မျှမပါချေ။ သူတို့၏ရှေ့တွင်ကိုယ်တော် ၏အဆင်းသဏ္ဌာန်တော်သည်ပြောင်းလဲလေ၏။-
ကိုယ်တော်သည်တရားဇရပ်မှူး၏အိမ်သို့ဝင် သောအခါ ပေတရု၊ ယာကုပ်၊ ယောဟန်နှင့်သူငယ် မ၏မိဘများမှတစ်ပါးမည်သူကိုမျှ မိမိ နှင့်အတူဝင်စေတော်မမူ။-
ပေတရုသည်ထိုသူအပေါင်းတို့ကိုအပြင် သို့ထွက်စေပြီးလျှင် ဒူးထောက်၍ဆုတောင်း ပတ္ထနာပြု၏။ ထိုနောက်ရုပ်အလောင်းဘက်သို့ လှည့်၍ ``တဗိသ၊ ထလော့'' ဟုဆို၏။ ဒေါ်ကာ သည်မျက်စိဖွင့်၍ပေတရုကိုမြင်သော အခါထထိုင်လေ၏။-
ယခုငါသည်တတိယအကြိမ်သင်တို့ထံသို့ လာခဲ့မည်။ ကျမ်းစာတော်ကဖော်ပြသကဲ့သို့ ``အမှု ကိစ္စမှန်သမျှကိုသက်သေနှစ်ဦးသုံးဦး၏ထွက် ဆိုချက်အရစီရင်ဆုံးဖြတ်ရမည်။-''