ကိုယ်တော်လှေထဲကထွက်ကြွတော်မူသည့်ခဏ ၌နတ်ပူးဝင်နေသူလူတစ်ယောက်သည် သင်္ချိုင်း တစပြင်မှထွက်လာပြီးလျှင်ကိုယ်တော်နှင့် တွေ့ဆုံ၏။-
ညဥ့်အခါ၌သူတို့သည်ဂူများသင်္ချိုင်းတွင်း များသို့သွား၍သူသေဝိညာဉ်များနှင့်နှီး နှောတိုင်ပင်ကြ၏။ သူတို့သည်ဝက်သားကို စား၍သူတို့၏အိုးများတွင် မသန့်ရှင်း သောအသားပြုတ်ရည်ရှိကြ၏။-
ထိုအချိန်၌တရားဇရပ်ထဲတွင် ညစ်ညမ်းသောနတ် ပူးဝင်နေသူတစ်ဦးရှိ၏။-
ညစ်ညမ်းသောနတ်သည်လူကိုပြင်းစွာတုန်တက် စေပြီးလျှင် ကျယ်စွာဟစ်အော်၍ထွက်ခွာသွား၏။-
(ဤသို့ကိုယ်တော်မိန့်တော်မူရခြင်းအကြောင်း မှာလူအချို့တို့က ကိုယ်တော်အားညစ်ညမ်း သောနတ်စွဲကပ်သူဟုစွပ်စွဲကြသောကြောင့် ဖြစ်၏။)
ကိုယ်တော်သည်မိမိအားလူထုပရိသတ်ကြီး မတိုးမကြိတ်မိစေအံ့သောငှာ မိမိအသုံးပြု ဖို့လှေတစ်စင်းကိုအသင့်ထားရန်တပည့်တော် တို့အားမိန့်မှာတော်မူ၏။-
ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေတွင် တစ် ဖန်ဟောပြောသွန်သင်တော်မူပြန်၏။ လူပရိသတ် ကြီးသည်အထံတော်သို့လာရောက်စုဝေးကြ၏။ ပရိသတ်ကြီးမားသဖြင့် ကိုယ်တော်သည်အိုင်ထဲ ရှိလှေတစ်စင်းပေါ်သို့တက်၍ထိုင်တော်မူ၏။ လူ အပေါင်းတို့သည်ကမ်းခြေရေစပ်တွင်ရှိနေကြ၏။-
တပည့်တော်တို့သည်လည်းလူပရိသတ်ထံမှ ထွက်ခွာပြီးလျှင် ကိုယ်တော်ရောက်ရှိနေနှင့် ပြီးသည့်လှေပေါ်သို့တက်၍ရွက်လွှင့်ကြ၏။ အခြားလှေများလည်းပါ၏။-
သခင်ယေရှုသည်အိုင်တစ်ဖက်သို့လှေဖြင့်တစ်ဖန် ကူးတော်မူပြန်သောအခါ များစွာသောလူတို့သည် အထံတော်သို့စုရုံးလာကြ၏။ ကိုယ်တော်သည်အိုင် ကမ်းခြေတွင်ရှိနေတော်မူစဉ်၊-
သူသည်သင်္ချိုင်းဂူများအကြားတွင်နေ၏။ သူ့ အားမည်သူမျှသံကြိုးနှင့်ချည်နှောင်၍မထား နိုင်။-
ယင်းသို့ဟစ်အော်ရသည့်အကြောင်းမှာ သခင် ယေရှုက ``ညစ်ညမ်းသောနတ်၊ ဤလူအထဲမှ ထွက်ခဲ့လော့'' ဟုအမိန့်ပေးလိုက်သောကြောင့် ဖြစ်၏။
ညစ်ညမ်းသောနတ်ပူးဝင်နေသောသူငယ်မတစ် ဦး၏မိခင်သည် ကိုယ်တော်ရောက်ရှိသည့်သတင်း ကိုကြားလျှင်ချက်ချင်းလာ၍ခြေတော်ရင်းတွင် ပျပ်ဝပ်၏။-
ကိုယ်တော်သည်ကမ်းပေါ်သို့တက်သောအခါ မြို့သားတစ်ဦးသည်ကိုယ်တော်ကိုလာရောက် တွေ့ဆုံ၏။ ထိုသူကိုနတ်မိစ္ဆာပူးကပ်နေသည် မှာကာလကြာလေပြီ။ သူသည်အဝတ်ကို မဝတ်၊ အိမ်တွင်လည်းမနေ၊ သင်္ချိုင်းဂူများ တွင်သာနေ၏။-
သူငယ်လာနေစဉ်ပင်နတ်မိစ္ဆာသည်သူ့အားမြေ ပေါ်သို့လှဲ၍တုန်တက်စေ၏။ သခင်ယေရှုသည် နတ်မိစ္ဆာအားအမိန့်ပေး၍သူငယ်ကိုကျန်းမာ စေတော်မူပြီးနောက်ဖခင်အားပြန်လည်ပေး အပ်တော်မူ၏။-