ရှင်မာကု 5:19Common Language Bibleကိုယ်တော်ကားခွင့်ပြုတော်မမူ။ ``သင်၏အိမ်သို့ သွားလော့။ ဘုရားသခင်သည်သင့်အားမည်မျှ ကျေးဇူးပြုတော်မူကြောင်းနှင့် မည်သို့သနား တော်မူကြောင်းကိုဆွေမျိုးသားချင်းတို့အား ပြောပြလော့'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။
သို့ရာတွင်ကိုယ်တော်က ``အိမ်သို့ပြန်၍ဘုရား သခင်သည် သင့်အားမည်မျှကျေးဇူးပြုတော် မူကြောင်းကိုပြောကြားလော့'' ဟုမိန့်တော်မူ၏။ ထိုသူသည်အထံတော်မှထွက်သွားပြီးလျှင် မိမိအားသခင်ယေရှုမည်သို့ကျေးဇူးပြု တော်မူကြောင်းကိုတစ်မြို့လုံးအနှံ့အပြား ပြောကြားလေသည်။