Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 4:7

Common Language Bible

အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၍​ဆူး ပင်​များ​ကြီး​ထွား​လာ​ပြီး​လျှင် အ​ပင်​ငယ်​တို့ ကို​လွှမ်း​မိုး​သ​ဖြင့်​သီး​နှံ​မ​ဖြစ်​ပွား​နိုင်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယု​ဒ​ပြည်​သား​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​လူ​တို့ အား ထာ​ဝ​ရ​ဘု​ရား​က``မ​ထွန်​မ​ယက်​ရ​သေး သည့်​သင်​တို့​၏​လယ်​ယာ​များ​ကို​ထွန်​ယက် ကြ​လော့။ သင်​တို့​၏​မျိုး​စေ့​များ​ကို​ဆူး​ပင် များ​အ​ကြား​တွင်​မ​ကြဲ​ကြ​နှင့်။-

ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​များ​သည်​တ​ရား တော်​ကို​ကြား​၍​အ​သီး​အ​ပွင့်​မ​ဖြစ်​ထွန်း​စေ နိုင်​သော​သူ​တို့​ကို​ဆို​လို​၏။ သူ​တို့​၏​စိုး​ရိမ်​ကြောင့် ကြ​မှု​များ​နှင့်​စည်း​စိမ်​ချမ်း​သာ​ခံ​စား​လို​မှု များ​က​တ​ရား​တော်​မျိုး​စေ့​ကို​လွှမ်း​မိုး​သ​ဖြင့် မည်​သို့​မျှ​မ​သီး​မ​ပွင့်​နိုင်​ချေ။-

အ​ချို့​မျိုး​စေ့​တို့​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​ကြီး​ထွား​လာ​ပြီး​နောက်​အ​ပင်​ငယ်​တို့​ကို လွှမ်း​မိုး​ကာ​သေ​စေ​ကြ​၏။-

အ​ချို့​မျိုး​စေ့​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​၏။ အ​ပင်​များ​ပေါက်​၍​အ​ဆ​တစ်​ရာ၊ အ​ဆ ခြောက်​ဆယ်၊ အ​ဆ​သုံး​ဆယ်​သီး​နှံ​များ​ကို​ဆောင် ကုန်​၏။

နေ​ပူ​သော​အ​ခါ​အ​မြစ်​မ​စွဲ​သ​ဖြင့်​ညှိုး​နွမ်း ခြောက်​သွေ့​လေ​၏။-

အ​ချို့​မျိုး​စေ​တို့​ကား​မြေ​ကောင်း​မြေ​သန့်​တွင် ကျ​သ​ဖြင့် အ​ပင်​များ​ပေါက်​၍​ကြီး​ထွား​လာ လျက်​အ​ဆ​သုံး​ဆယ်၊ အ​ဆ​ခြောက်​ဆယ်၊ အ​ဆ တစ်​ရာ​သီး​နှံ​များ​ကို​ထွက်​စေ​ကြ​၏'' ဟု မိန့်​တော်​မူ​၏။

ထို​နောက်​လူ​တို့​အား ``လော​ဘ​အ​မျိုး​မျိုး​ကို သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့။ လူ​၏​အ​သက် သည်​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​မှု​အ​ပေါ်​တွင်​မ​တည်'' ဟု​မိန့်​တော်​မူ​၏။

``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-

ဆူး​တော​တွင်​ကျ​သည့်​မျိုး​စေ့​ကား​နှုတ်​က​ပတ် တ​ရား​တော်​ကို​ကြား​ပြီး​နောက်​စိုး​ရိမ်​ကြောင့် ကြ​မှု၊ ချမ်း​သာ​ကြွယ်​ဝ​မှု၊ ကာ​မ​ဂုဏ်​ခံ​စား​မှု များ​က​လွှမ်း​မိုး​သ​ဖြင့်​အောင်​မြင်​သော​အ​သီး မ​သီး​နိုင်​သူ​များ​ကို​ဆို​လို​၏။-

အ​ချို့​မျိုး​စေ့​များ​သည်​ဆူး​တော​တွင်​ကျ​၏။ ဆူး​ပင် များ​သည်​အ​ပင်​ငယ်​များ​နှင့်​အ​တူ​ကြီး​ထွား​လာ ပြီး​လျှင်​ထို​အ​ပင်​ငယ်​တို့​ကို​လွှမ်း​မိုး​သွား​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ