တပည့်တော်တို့သည်လည်းလူပရိသတ်ထံမှ ထွက်ခွာပြီးလျှင် ကိုယ်တော်ရောက်ရှိနေနှင့် ပြီးသည့်လှေပေါ်သို့တက်၍ရွက်လွှင့်ကြ၏။ အခြားလှေများလည်းပါ၏။-
ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူ၏။ တပည့် တော်တို့သည်လည်းကိုယ်တော်နှင့်အတူလိုက်သွား ကြ၏။-
ကိုယ်တော်သည်မိမိအားလူထုပရိသတ်ကြီး မတိုးမကြိတ်မိစေအံ့သောငှာ မိမိအသုံးပြု ဖို့လှေတစ်စင်းကိုအသင့်ထားရန်တပည့်တော် တို့အားမိန့်မှာတော်မူ၏။-
ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေတွင် တစ် ဖန်ဟောပြောသွန်သင်တော်မူပြန်၏။ လူပရိသတ် ကြီးသည်အထံတော်သို့လာရောက်စုဝေးကြ၏။ ပရိသတ်ကြီးမားသဖြင့် ကိုယ်တော်သည်အိုင်ထဲ ရှိလှေတစ်စင်းပေါ်သို့တက်၍ထိုင်တော်မူ၏။ လူ အပေါင်းတို့သည်ကမ်းခြေရေစပ်တွင်ရှိနေကြ၏။-
ထိုအချိန်၌ရုတ်တရက်လေမုန်တိုင်းကျရောက် လာကာလှိုင်းရိုက်သွင်းသဖြင့်လှေသည်ရေနှင့် ပြည့်လုမတတ်ရှိလေ၏။-
ကိုယ်တော်လှေထဲကထွက်ကြွတော်မူသည့်ခဏ ၌နတ်ပူးဝင်နေသူလူတစ်ယောက်သည် သင်္ချိုင်း တစပြင်မှထွက်လာပြီးလျှင်ကိုယ်တော်နှင့် တွေ့ဆုံ၏။-
သခင်ယေရှုသည်အိုင်တစ်ဖက်သို့လှေဖြင့်တစ်ဖန် ကူးတော်မူပြန်သောအခါ များစွာသောလူတို့သည် အထံတော်သို့စုရုံးလာကြ၏။ ကိုယ်တော်သည်အိုင် ကမ်းခြေတွင်ရှိနေတော်မူစဉ်၊-
သို့ဖြစ်၍ကိုယ်တော်နှင့်တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်တစ်ခုသို့လှေဖြင့်ထွက် သွားကြ၏။
တစ်နေ့သ၌ကိုယ်တော်နှင့်တပည့်တော်တို့သည် လှေပေါ်ကိုတက်ကြ၏။ ထိုနောက်ကိုယ်တော်က ``အိုင် တစ်ဖက်ကိုကူးကြကုန်အံ့'' ဟုမိန့်တော်မူသဖြင့် တပည့်တော်တို့သည်ရွက်လွှင့်ကြ၏။-