Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 4:31

Common Language Bible

ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည်​မုန်​ညင်း​စေ့​နှင့် တူ​၏။ မုန်​ညင်း​စေ့​သည်​မြေ​၌​စိုက်​စဉ်​အ​ခါ ကမ္ဘာ ပေါ်​ရှိ​အ​စေ့​တ​ကာ​တို့​ထက်​သေး​ငယ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​ကြီး​မြတ်​သူ၊ တန်​ခိုး​ကြီး သူ​များ​နှင့်​အ​တူ၊ ဂုဏ်​ထူး​ဆောင်​နေ​ရာ​ကို​ပေး​အပ်​တော်​မူ​မည်။ သူ​သည်​မိ​မိ​၏​အ​သက်​ကို​သဒ္ဓာ​ကြည်​ဖြူ​စွာ စွန့်​လှူ​ပြီး​လျှင်၊ ရာ​ဇ​ဝတ်​ကောင်​တို့​၏​ကံ​ကြမ္မာ​ကို​ခံ​ယူ​၏။ သူ​သည်​အ​ပြစ်​ကူး​သူ​များ​ကို​ကိုယ်​စား​ပြု​၍ ထို​သူ​တို့​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ယူ ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​အား သွေ့​ခြောက်​သည့်​မြေ​တွင်​အ​မြစ်​စွဲ​သည့် အ​ပင်​ငယ်​ကဲ့​သို့​ရှင်​သန်​စေ​ရန်​အ​လို​တော် ရှိ​ပါ​၏။ ထို​သူ​၌​ပ​မာ​ဏ​ပြု​လောက်​သည့်​ဂုဏ်​အ​သ​ရေ​နှင့် အ​ဆင်း​သဏ္ဌာန်​လည်း​မ​ရှိ။ ချစ်​ခင်​နှစ်​လို​ဖွယ်​ကောင်း​သည့်​ရုပ်​ရည်​လည်း​မ​ရှိ။ မိ​မိ​ဘက်​သို့​ပါ​အောင်​ဆွဲ​ဆောင်​နိုင်​စွမ်း​လည်း​မ​ရှိ။

သင်​၏​အ​နည်း​ဆုံး​အ​ညံ့​ဆုံး​သော​သူ​ပင်​လျှင်၊ ထောင်​ချီ​လျက်​များ​ပြား​လာ​ပြီး တန်​ခိုး​ကြီး​မား​သည့်​လူ​မျိုး​သ​ဖွယ်​ကြီး​မြတ်​၍ လာ​လိမ့်​မည်။ အ​ချိန်​ကျ​လျှင်​ငါ​သည်​ဤ​အ​တိုင်း​လျင်​မြန်​စွာ ဖြစ်​ပျက်​စေ​တော်​မူ​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ပါ​သည် တ​ကား။''

သူ​၏​ရာ​ဇ​အာ​ဏာ​သည်​ဆက်​လက်​တိုး တက်​လျက် သူ​၏​နိုင်​ငံ​တော်​သည်​လည်း၊အ​စဉ်​အ​မြဲ ငြိမ်း​ချမ်း​သာ​ယာ​လိမ့်​မည်။ သူ​သည်​ဒါ​ဝိဒ်​မင်း​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​ကာ ယ​ခု​မှ​စ​၍​ကပ်​ကာ​လ​ကုန်​ဆုံး​ချိန်​တိုင်​အောင် တ​ရား​တော်​နှင့်​အ​ညီ​မျှ​တ​စွာ​အုပ်​စိုး​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​အား​ဖြစ်​ပျက်​စေ ရန်​သန္နိ​ဋ္ဌာန်​ချ​မှတ်​တော်​မူ​ပြီး​ဖြစ်​သ​တည်း။

ထို​ကာ​လ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင် သူ​လူ​တို့​အား ထာ​ဝ​ရ​ဘု​ရား​သည်​ကွယ် ကာ​စောင့်​ထိန်း​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်​၍ သူ​တို့​အ​နက်​အင်​အား​အ​ချိ​နဲ့​ဆုံး​သော သူ​များ​ပင်​လျှင် ဒါ​ဝိဒ်​ကဲ့​သို့​ကြံ့​ခိုင်​၍ လာ​လိမ့်​မည်။ ဒါ​ဝိဒ်​၏​သား​မြေး​များ​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​ကဲ့ သို့​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကဲ့​သို့​လည်း​ကောင်း​သူ​တို့​အား​ဦး စီး​ခေါင်း​ဆောင်​ပြု​လိမ့်​မည်။-

ထို​အ​ခါ​လူ​မျိုး​ပေါင်း​မြောက်​မြား​စွာ​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ် ကြ​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​လာ ကြ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​တို့​အ​လယ် တွင်​ကျိန်း​ဝပ်​တော်​မူ​လိမ့်​မည်။ ငါ့​အား​ကိုယ် တော်​စေ​လွှတ်​တော်​မူ​လိုက်​ကြောင်း​ကို​လည်း သင်​တို့​သိ​ကြ​လိမ့်​မည်။-

ကမ္ဘာ​မြေ​ကြီး​တစ်​စွန်း​မှ​အ​ခြား​တစ်​စွန်း တိုင်​အောင်​လူ​တို့​သည် ငါ​၏​ဂုဏ်​တော်​ကို ချီး​ကူး​ကြ​ပေ​သည်။ သူ​တို့​သည်​အ​ရပ် တ​ကာ​တွင်​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​၍ နှစ် သက်​ဖွယ်​ကောင်း​သည့်​ယဇ်​များ​ကို​ငါ့ အား​ပူ​ဇော်​ကြ​၏။ သူ​တို့​အား​လုံး​ပင် ငါ​၏​နာ​မ​တော်​ကို​ချီး​ကူး​ကြ​၏။-''

တစ်​ဖန်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ကို​မည်​သို့​ဥ​ပ​မာ​နှိုင်း​ရ​အံ့​နည်း။ မည်​သည့်​ပုံ ဥ​ပ​မာ​များ​အား​ဖြင့်​ဖော်​ပြ​ရ​မည်​နည်း။-

စိုက်​ပြီး​နောက်​ကြီး​ပွား​လာ​သော​အ​ခါ အ​ခြား အ​ပင်​ငယ်​များ​အား​လုံး​ထက်​ပို​၍​ကြီး​မား​၏။ အ​ကိုင်း​အ​ခက်​ကြီး​များ​လည်း​ပေါ်​ထွက်​လာ​၏။ ကောင်း​ကင်​ငှက်​များ​ပင်​ထို​အ​ပင်​အ​ရိပ်​ဝယ် နား​နေ​နိုင်​ကြ​၏'' ဟု​မိန့်​တော်​မူ​၏။

သ​ခင်​ဘု​ရား​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း မုန်​ညင်း​စေ့​မျှ​လောက်​ရှိ​ပါ​မူ ဤ​ပိုး​စာ​ပင် အား `အ​မြစ်​ပါ​ကျွတ်​၍​ပင်​လယ်​ထဲ​မှာ​စိုက် လျက်​နေ​လော့' ဟု​ဆို​လျှင် ထို​အ​ပင်​သည်​သင် တို့​ဆို​သည့်​အ​တိုင်း​ပြု​လိမ့်​မည်။

သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော်​အား ဖြင့် သာ​သ​နာ​တော်​သည်​ကြီး​ပွား​တိုး​တက် လျက်​နေ​၏။

လူ​အ​မြောက်​အ​မြား​ပင်​သူ​၏​တ​ရား​စ​ကား ကို​လက်​ခံ​ယုံ​ကြည်​ကာ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ ကြ​သ​ဖြင့် ထို​နေ့​၌​တ​ပည့်​တော်​အ​ရေ​အ​တွက် သုံး​ထောင်​မျှ​တိုး​လာ​၏။-

ထို​သို့​တင်​ပြ​သည်​ကို​ကြား​သော​အ​ခါ ထို​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး ကြ​၏။ ထို​နောက်​ပေါ​လု​အား ``ငါ​တို့​ညီ၊ ယုံ​ကြည် သူ​ယု​ဒ​အ​မျိုး​သား​တို့​ထောင်​ပေါင်း​များ​စွာ ရှိ​ကြောင်း၊ သူ​တို့​အား​လုံး​ပင်​ပ​ညတ်​တ​ရား ကို​စွဲ​လန်း​သူ​များ​ဖြစ်​ကြောင်း​သင်​အ​သိ ပင်​ဖြစ်​သည်။-

သို့​ရာ​တွင်​တ​ရား​နာ​သော​သူ​အ​မြောက် အ​မြား​ပင် ကိုယ်​တော်​ကို​သက်​ဝင်​ယုံ​ကြည် လာ​ကြ​၏။ ယုံ​ကြည်​သူ​အ​ရေ​အ​တွက် ငါး​ထောင်​ခန့်​တိုး​ပွား​လာ​သ​တည်း။

သို့​ရာ​တွင်​သ​ခင်​ဘု​ရား​ကို​သက်​ဝင်​ယုံ​ကြည် သူ အ​မျိုး​သား​အ​မျိုး​သ​မီး​အ​ရေ​အ​တွက် သည်​ပို​၍​ပို​၍​များ​လာ​၏။-

ထို​နောက်​သတ္တမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ``ကမ္ဘာ​လော​က​ကို​အုပ်​စိုး သော​အာ​ဏာ​သည် ငါ​တို့​အ​ရှင်​နှင့်​ကိုယ်​တော် ၏​မေ​ရှိ​ယ​လက်​ထဲ​သို့​ရောက်​လာ​လေ​ပြီ။ ကိုယ်​တော်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​စိုး​စံ​တော် မူ​လိမ့်​မည်'' ဟု​ကောင်း​ကင်​မှ​ကျယ်​စွာ​ပြော သော​အ​သံ​များ​ကို​ကြား​ရ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ