ရှင်မာကု 4:27Common Language Bibleသူသည်မြေတွင်မျိုးကိုကြဲပြီးနောက် နေ့ည အလိုက်အိပ်စက်တုံနိုးထတုံပြု၏။ ထိုအခိုက် မျိုးစေ့သည်အစို့ထိုး၍အပင်ပေါက်၏။ မည် သို့အစို့ထိုး၊ အပင်ပေါက်သည်ကိုသူမသိ။- အခန်းကိုကြည့်ပါ။ |
ငါတို့၏ညီအစ်ကိုတို့၊ သင်တို့ကိုအကြောင်း ပြု၍ ဘုရားသခင်၏ကျေးဇူးတော်ကိုငါတို့ အစဉ်မပြတ်ချီးမွမ်းနေရကြသည်။ ယင်းသို့ ချီးမွမ်းသင့်ပေသည်။ အဘယ်ကြောင့်ဆိုသော် သင်တို့ယုံကြည်ခြင်းအလွန်တိုးပွားလျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ပိုမိုချစ်ခင်လျက်နေကြသောကြောင့်ဖြစ်၏။-
သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။