Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 4:24

Common Language Bible

ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​က ``သင်​တို့​ကြား သည့်​အ​ရာ​ကို​ဂ​ရု​စိုက်​၍​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​အား​စစ်​ကြော​သော​တင်း တောင်း​ပ​မာ​ဏ​အ​တိုင်း ဘု​ရား​သ​ခင်​သည်​သင် တို့​အား​စစ်​ကြော​တော်​မူ​လိမ့်​မည်။ ထို​ထက်​မ​က ပို​၍​ပြင်း​ထန်​စွာ​စစ်​ကြော​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ငါ့သား၊ ပညာတရားကို ပယ်စေခြင်းငှါ၊ သွန်သင် သော သူ၏စကားကို နားမထောင်နှင့်။

``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ထံ​သို့​လာ​ကြ​လော့။ ဤ​သို့​ပြု​လျှင်​သင်​တို့​သည်​အ​သက်​ရှင်​ခွင့် ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင်၊ ဒါ​ဝိဒ်​အား​က​တိ​ထား​ခဲ့​သည့်​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​သင်​တို့​အား​ချ​ပေး​မည်။

ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ဖြစ်​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ်​ဝန်​ထုပ်​ဝန်​ပိုး​ကို​မျှ​မ သယ်​မ​ဆောင်​ရ​ကြ။ ယေ​ရု​ရှ​လင်​မြို့​တံ​ခါး များ​ကို​ဖြတ်​၍၊-

သူ​တစ်​ပါး​အား​သင်​တို့​စစ်​ကြော​စီ​ရင်​သ​ကဲ့​သို့ ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​စစ်​ကြော​စီ​ရင် တော်​မူ​မည်။ သူ​တစ်​ပါး​တို့​အား​စီ​ရင်​ရာ​တွင် သင်​တို့​အ​သုံး​ပြု​သည့်​နည်း​အ​တိုင်း သင်​တို့ အား​စီ​ရင်​တော်​မူ​မည်။-

ထို​နောက်​မိုး​တိမ်​တိုက်​တစ်​ခု​သည်​ပေါ်​လာ​၍​သူ​တို့ အ​ပေါ်​သို့​တိမ်​ရိပ်​ကျ​လေ​သည်။ ``ဤ​သူ​ကား​ငါ ၏​ချစ်​သား​ဖြစ်​၏။ သူ​၏​စ​ကား​ကို​နား​ထောင် လော့'' ဟု​မိုး​တိမ်​က​အ​သံ​တော်​ထွက်​ပေါ်​လာ​၏။-

``သို့​ဖြစ်​၍​သင်​တို့​မည်​သို့​မည်​ပုံ​ကြား​နာ​သည် ကို​သ​တိ​ပြု​ကြ​လော့။ ရှိ​သူ​အား​ထပ်​၍​ပေး လိမ့်​မည်။ မ​ရှိ​သူ​ထံ​မှ​ရှိ​သည်​ဟု​ထင်​ရ​သော အ​ရာ​ရှိ​သ​မျှ​ကို​ပင်​သိမ်း​ယူ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

ဤ​သိုး​ခြံ​သို့​မ​ဝင်​သည့်​အ​ခြား​သိုး​များ​ကို လည်း​ငါ​ပိုင်​သေး​၏။ ထို​သိုး​တို့​ကို​ငါ​ဆောင်​သွင်း ရ​ဦး​မည်။ သူ​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင် ကြ​လိမ့်​မည်။ သို့​ဖြစ်​၍​သိုး​အုပ်​တစ်​အုပ်၊ သိုး​ထိန်း တစ်​ပါး​တည်း​ဖြစ်​လိမ့်​မည်။

ငါ​၏​သိုး​တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင်​ကြ ၏။ ငါ​သည်​သူ​တို့​ကို​သိ​၍​သူ​တို့​သည်​လည်း ငါ့ နောက်​သို့​လိုက်​ကြ​၏။-

အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား သူ​သေ​တို့​သည် ဘု​ရား​သ​ခင်​၏​သား​တော် အ​သံ​ကို​ကြား​ရ​သည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ ထို​အ​ချိန်​သည်​ယ​ခု​ပင်​ကျ ရောက်​လျက်​ရှိ​ပြီ။ သား​တော်​၏​အ​သံ​ကို ကြား​ရ​သော​သူ​တို့​သည်​အ​သက်​ပြန်​၍ ရှင်​ကြ​လိမ့်​မည်။-

ဗေ​ရိ​မြို့​သား​တို့​ကား​သက်​သာ​လော​နိတ်​မြို့​သား တို့​လောက် တစ်​ယူ​သန်​စိတ်​ရှိ​သူ​များ​မ​ဟုတ်​ချေ။ သို့​ဖြစ်​၍​ပေါ​လု​ဟော​ပြော​သည့်​တ​ရား​တော်​ကို အ​လွန်​ကြည်​ညို​သော​စိတ်​ဖြင့်​နာ​ခံ​ကြ​၏။ သူ​တို့ သည်​ပေါ​လု​နှင့်​သိ​လ​တို့​ပြော​ကြား​သည့်​အ​တိုင်း မှန်​မ​မှန်​ကို​သိ​ရှိ​နိုင်​ရန်​နေ့​စဉ်​နေ့​တိုင်း​ကျမ်း စာ​တော်​ကို​လေ့​လာ​ကြ​၏။-

မျိုး​စေ့​အ​နည်း​ငယ်​ကို​ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​ကို​သာ​ရိတ်​သိမ်း​ရ​လိမ့် မည်။ များ​စွာ​သော​မျိုး​စေ့​တို့​ကို​ကြဲ​သော သူ​မူ​ကား များ​စွာ​သော​စ​ပါး​တို့​ကို​ရိတ် သိမ်း​ရ​လိမ့်​မည်​ဖြစ်​ကြောင်း​သ​တိ​ပြု​လော့။-

ထို့​ကြောင့်​လမ်း​မှား​တိမ်း​ချော်​မှု​မ​ဖြစ်​ကြ​စေ ရန် ငါ​တို့​သည်​ကြား​နာ​ခဲ့​ရ​သည့်​သမ္မာ​တ​ရား ကို​ပို​မို​၍​ပင်​စွဲ​မြဲ​စွာ​ဆုပ်​ကိုင်​ထား​ရ​မည်။-

မွေး​စ​က​လေး​သူ​ငယ်​ကဲ့​သို့​ဝိ​ညာဉ်​နို့​ရည် စစ်​ကို​အ​မြဲ​လို​လား​တောင့်​တ​ကြ​လော့။ သို့ မှ​သာ​သင်​တို့​သည်​ကြီး​ထွား​၍​ကယ်​တင် ခြင်း​ခံ​ရ​လိမ့်​မည်။-

ချစ်​ဆွေ​တို့၊ ဝိ​ညာဉ်​တော်​ခံ​ယူ​ရ​ရှိ​သည်​ဟု ဆို​သူ​တိုင်း​ကို​မ​ယုံ​ကြ​နှင့်။ သူ​တို့​ခံ​ယူ​ရ​ရှိ သည်​ဆို​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင် ၏​ထံ​တော်​မှ​ဆင်း​သက်​လာ​သည့်​ဝိ​ညာဉ်​တော် ဟုတ်​မ​ဟုတ်​စစ်​ဆေး​ကြည့်​ရှု​ကြ​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​မိစ္ဆာ​ပ​ရော​ဖက်​များ​သည် နေ​ရာ တ​ကာ​သို့​ရောက်​ရှိ​နေ​ကြ​သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ