အချို့သောသူတို့သည်ဆူးတောမြေတွင်ကျ သည့်မျိုးစေ့နှင့်တူ၏။ သူတို့သည်တရားတော် ကိုကြားရကြ၏။-
ယုဒပြည်သားနှင့်ယေရုရှလင်မြို့မှလူတို့ အား ထာဝရဘုရားက``မထွန်မယက်ရသေး သည့်သင်တို့၏လယ်ယာများကိုထွန်ယက် ကြလော့။ သင်တို့၏မျိုးစေ့များကိုဆူးပင် များအကြားတွင်မကြဲကြနှင့်။-
ဆူးတောတွင်ကျသည့်မျိုးစေ့များသည်တရား တော်ကိုကြား၍အသီးအပွင့်မဖြစ်ထွန်းစေ နိုင်သောသူတို့ကိုဆိုလို၏။ သူတို့၏စိုးရိမ်ကြောင့် ကြမှုများနှင့်စည်းစိမ်ချမ်းသာခံစားလိုမှု များကတရားတော်မျိုးစေ့ကိုလွှမ်းမိုးသဖြင့် မည်သို့မျှမသီးမပွင့်နိုင်ချေ။-
သို့သော်ယင်းတရားတော်သည်စိတ်နှလုံးတွင် အမြစ်မစွဲ။ ကာလအနည်းငယ်သာတည်နေ၏။ ထိုနောက်ဤတရားတော်ကြောင့်ဒုက္ခနှင့်နှိပ်စက် ညှဉ်းပန်းမှုကိုကြုံတွေ့ရသောအခါ သူတို့ သည်ချက်ချင်းပင်ဖောက်ပြန်သွားကြ၏။-
သို့သော်ဘဝရပ်တည်မှုအတွက်စိုးရိမ်ကြောင့် ကြစရာများ၊ စည်းစိမ်ချမ်းသာခံစားလိုမှုများ နှင့်အခြားလိုအင်ဆန္ဒများပေါ်ပေါက်လာပြီးလျှင် ထိုတရားတော်ကိုလွှမ်းမိုးသဖြင့်တရားတော် မျိုးစေ့သည်မည်သို့မျှမသီးမပွင့်နိုင်။-
အချို့မျိုးစေ့တို့သည်ဆူးတောတွင်ကျ၍ဆူး ပင်များကြီးထွားလာပြီးလျှင် အပင်ငယ်တို့ ကိုလွှမ်းမိုးသဖြင့်သီးနှံမဖြစ်ပွားနိုင်။-
ဆူးတောတွင်ကျသည့်မျိုးစေ့ကားနှုတ်ကပတ် တရားတော်ကိုကြားပြီးနောက်စိုးရိမ်ကြောင့် ကြမှု၊ ချမ်းသာကြွယ်ဝမှု၊ ကာမဂုဏ်ခံစားမှု များကလွှမ်းမိုးသဖြင့်အောင်မြင်သောအသီး မသီးနိုင်သူများကိုဆိုလို၏။-