Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 4:14

Common Language Bible

လူ​အ​ချို့​တို့​သည်​လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​နှင့် တူ​၏။ မျိုး​ကြဲ​သူ​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တ​ရား​တော်​မျိုး​စေ့​ကို​ကြဲ​သ​ဖြင့် လူ​တို့​ကြား​သည် နှင့်​တစ်​ပြိုင်​နက်​စာ​တန်​သည်​လာ​၍​ထို​တ​ရား​တော် ကို​သူ​၏​စိတ်​နှ​လုံး​မှ​နုတ်​ယူ​သွား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကောက်​ပဲ​သီး​နှံ​များ​အ​တွက်​မြည်း​နှင့်​ကျွဲ နွား​စား​ကျက်​များ​အ​တွက် ရေ​အ​လုံ​အ​လောက် ရ​ရှိ​သ​ဖြင့်​လူ​အ​ပေါင်း​တို့​သည်​ရွှင်​လန်း ဝမ်း​မြောက်​ကြ​လိမ့်​မည်။

လမ်း​မြေ​တွင်​ကျ​သည့်​မျိုး​စေ့​သည်​နိုင်​ငံ​တော် အ​ကြောင်း​တ​ရား​တော်​ကို​ကြား​သော်​လည်း​နား မ​လည်​သူ​တို့​နှင့်​တူ​၏။ သူ​တို့​၏​စိတ်​နှ​လုံး​တွင် ကြဲ​ထား​သည့်​တ​ရား​တော်​မျိုး​စေ့​ကို​စာ​တန် သည်​လာ​၍​ယူ​ငင်​သွား​၏။-

ကိုယ်​တော်​သည်​ထို​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင်​၍ များ​စွာ​သော​အ​ကြောင်း​အ​ရာ​များ​ကို​သွန်​သင် တော်​မူ​၏။ ကိုယ်​တော်​က ``မျိုး​ကြဲ​သူ​လူ​တစ်​ယောက်​သည် မျိုး​ကြဲ​ရန်​ထွက်​သွား​၏။-

ကိုယ်​တော်​က ``မျိုး​ကောင်း​မျိုး​သန့်​ကို​ကြဲ​သူ​သည် လူ​သား​ပင်​ဖြစ်​၏။-

ထို့​ကြောင့်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​သူ​များ လှ​သ​ဖြင့် အိမ်​ဥ​ပ​စာ​မှာ​ခြေ​ချ​စ​ရာ​မ​ရှိ တော့​ပေ။ ကိုယ်​တော်​သည်​ထို​သူ​တို့​အား​တ​ရား တော်​ကို​ဟော​ပြော​လျက်​နေ​တော်​မူ​၏။-

ကိုယ်​တော်​က ``သင်​တို့​သည်​ဤ​ပုံ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​ကြ​လျှင် အ​ဘယ်​ပုံ​ဥ​ပ​မာ​ကို​နား လည်​နိုင်​ကြ​မည်​နည်း။-

သို့​သွန်​သင်​ရာ​တွင်​ကိုယ်​တော်​က ``နား​ထောင် ကြ​လော့။ မျိုး​ကြဲ​သူ​တစ်​ယောက်​သည်​မျိုး​ကြဲ ရန်​ထွက်​ခွာ​သွား​၏။-

ထို​အ​ကြောင်း​အ​ရာ​များ​ကို​မျက်​မြင်​သက်​သေ များ​ဖြစ်​၍ သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​သူ​တို့​၏​ပြော​ကြား​ချက်​အ​ရ​ကျမ်း ပြု​ပ္ဂိုလ်​တို့​က​ရေး​သား​ပြု​စု​ခဲ့​ကြ​ပါ​သည်။-

``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကား​ဤ​သို့ တည်း။ မျိုး​စေ့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​ကို​ဆို​လို​၏။-

ကွဲ​လွင့်​သွား​သည့်​ယုံ​ကြည်​သူ​တို့​သည် အ​ရပ် ရပ်​သို့​သွား​၍​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ