Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 3:9

Common Language Bible

ကိုယ်​တော်​သည်​မိ​မိ​အား​လူ​ထု​ပ​ရိ​သတ်​ကြီး မ​တိုး​မ​ကြိတ်​မိ​စေ​အံ့​သော​ငှာ မိ​မိ​အ​သုံး​ပြု ဖို့​လှေ​တစ်​စင်း​ကို​အ​သင့်​ထား​ရန်​တ​ပည့်​တော် တို့​အား​မိန့်​မှာ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ကိုယ်​တော်​သည်​လူ​တို့​အား​မိ​မိ​ရပ်​ရွာ သို့​ပြန်​စေ​တော်​မူ​ပြီး​နောက် လှေ​စီး​၍​မာ​ဂ ဒါ​လ​နယ်​သို့​ကြွ​တော်​မူ​၏။

ကိုယ်​တော်​သည်​ဂါ​လိ​လဲ​အိုင်​ကမ်း​ခြေ​တွင် တစ် ဖန်​ဟော​ပြော​သွန်​သင်​တော်​မူ​ပြန်​၏။ လူ​ပ​ရိ​သတ် ကြီး​သည်​အ​ထံ​တော်​သို့​လာ​ရောက်​စု​ဝေး​ကြ​၏။ ပ​ရိ​သတ်​ကြီး​မား​သ​ဖြင့် ကိုယ်​တော်​သည်​အိုင်​ထဲ ရှိ​လှေ​တစ်​စင်း​ပေါ်​သို့​တက်​၍​ထိုင်​တော်​မူ​၏။ လူ အ​ပေါင်း​တို့​သည်​ကမ်း​ခြေ​ရေ​စပ်​တွင်​ရှိ​နေ​ကြ​၏။-

တ​ပည့်​တော်​တို့​သည်​လည်း​လူ​ပ​ရိ​သတ်​ထံ​မှ ထွက်​ခွာ​ပြီး​လျှင် ကိုယ်​တော်​ရောက်​ရှိ​နေ​နှင့် ပြီး​သည့်​လှေ​ပေါ်​သို့​တက်​၍​ရွက်​လွှင့်​ကြ​၏။ အ​ခြား​လှေ​များ​လည်း​ပါ​၏။-

ကိုယ်​တော်​လှေ​ထဲ​က​ထွက်​ကြွ​တော်​မူ​သည့်​ခ​ဏ ၌​နတ်​ပူး​ဝင်​နေ​သူ​လူ​တစ်​ယောက်​သည် သင်္ချိုင်း တ​စ​ပြင်​မှ​ထွက်​လာ​ပြီး​လျှင်​ကိုယ်​တော်​နှင့် တွေ့​ဆုံ​၏။-

သ​ခင်​ယေ​ရှု​သည်​အ​ထံ​တော်​မှ​တန်​ခိုး​ထွက်​သွား သည်​ကို​ချက်​ချင်း​သိ​တော်​မူ​၏။ ပ​ရိ​သတ်​ဘက်​သို့ လှည့်​တော်​မူ​၍ ``ငါ​၏​အ​ဝတ်​ကို​မည်​သူ​တို့​ထိ သ​နည်း'' ဟု​မေး​တော်​မူ​၏။

သို့​ဖြစ်​၍​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည် ဆိတ်​ကွယ်​ရာ​အ​ရပ်​တစ်​ခု​သို့​လှေ​ဖြင့်​ထွက် သွား​ကြ​၏။

တစ်​နေ့​သ​၌​ကိုယ်​တော်​သည်​ဂင်​နေ​သ​ရက် အိုင်​ကမ်း​ခြေ​တွင်​ရပ်​လျက်​နေ​တော်​မူ​စဉ် လူ တို့​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​ကို ကြား​နာ​ရန်​ကိုယ်​တော်​၏​အ​နီး​သို့​တိုး​ကြိတ် လာ​ကြ​၏။-

ကိုယ်​တော်​သည်​ထို​လှေ​နှစ်​စင်း​အ​နက်​ရှိ​မုန်​၏ လှေ​သို့​တက်​တော်​မူ​ပြီး​လျှင်​လှေ​ကို​ကမ်း​မှ အ​နည်း​ငယ်​ခွာ​စေ​ရန်​ရှိ​မုန်​အား​စေ​ခိုင်း​တော် မူ​၏။ ထို​နောက်​ထိုင်​၍​လူ​ပ​ရိ​သတ်​တို့​အား ဟော​ပြော​သွန်​သင်​တော်​မူ​၏။

သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​လာ​၍ မိ​မိ​အား အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ဆောင်​ကာ​မင်း​မြှောက်​ကြ လိမ့်​မည်​ကို​သိ​တော်​မူ​သ​ဖြင့် တစ်​ကိုယ်​တည်း တောင်​ပေါ်​သို့​ရှောင်​တိမ်း​သွား​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ