Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 3:29

Common Language Bible

သို့​ရာ​တွင်​သန့်​ရှင်း​သော​ဝိညာဉ်​တော်​ကို​ပြစ်​မှား သော​သူ​မူ​ကား အ​ပြစ်​လွတ်​ငြိမ်း​ခွင့်​ရ​နိုင်​လိမ့်​မည် မ​ဟုတ်။ သူ​သည်​ထာ​ဝ​ရ​အ​ပြစ်​ကို​ကူး​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​ထို​သူ​တို့​သည်​ထာ​ဝ​ရ​အ​ပြစ်​ဒဏ်​ခံ ရ​ကြ​လိမ့်​မည်။ သူ​တော်​ကောင်း​တို့​မူ​ကား​ထာ​ဝ​ရ ချမ်း​သာ​သို့​ဝင်​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

ကျမ်း​တတ်​ဆ​ရာ​အ​ချို့​တို့​က ``ဤ​သူ​သည် ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြော​ဆို​လေ​ပြီ'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

မု​ဆိုး​မ​များ​၏​အိမ်​များ​ကို​မ​တ​ရား​သိမ်း​ယူ ပြီး​လျှင် လူ​ကြား​ကောင်း​စေ​ရန်​ရှည်​လျား​စွာ ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ သူ​တို့​သည်​ပို​၍ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။

(ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ရ​ခြင်း​အ​ကြောင်း မှာ​လူ​အ​ချို့​တို့​က ကိုယ်​တော်​အား​ညစ်​ညမ်း သော​နတ်​စွဲ​ကပ်​သူ​ဟု​စွပ်​စွဲ​ကြ​သော​ကြောင့် ဖြစ်​၏။)

``လူ​သား​ကို​နှုတ်​ဖြင့်​ပြစ်​မှား​သူ​သည်​အ​ပြစ် ပြေ​လွတ်​ခွင့်​ရ​နိုင်​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ပြစ်​မှား​ပြော​ဆို​သူ​မူ ကား အ​ပြစ်​ပြေ​လွတ်​ခွင့်​ရ​နိုင်​လိမ့်​မည်​မ​ဟုတ်။

ကိုယ်​တော်​သည်​မိ​မိ​လူ​စု​တော်​အား​ဖြင့် ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ယုံ​ကြည်​သူ အ​ပေါင်း​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို လည်း​ကောင်း​ခံ​ယူ​ရန်​တ​ရား​စီ​ရင်​တော်​မူ ရာ​နေ့​၌​ကြွ​လာ​တော်​မူ​သော​အ​ခါ ထို​သူ တို့​ခံ​ရ​မည့်​အ​ပြစ်​ဒဏ်​မှာ​ထာ​ဝ​ရ​ဆုံး​ရှုံး ပျက်​စီး​ခြင်း​ဖြစ်​သည်။ တစ်​နည်း​အား​ဖြင့် သ​ခင်​ဘု​ရား​ရှေ့​တော်​မှ​လည်း​ကောင်း၊ ကိုယ် တော်​၏​ကြီး​မြတ်​သည့်​ဘုန်း​အ​သ​ရေ​တော် မှ​လည်း​ကောင်း​ပယ်​ခြင်း​ပင်​ဖြစ်​သည်။ သင် တို့​သည်​ငါ​တို့​ဟော​ပြော​သက်​သေ​ခံ​သည် ကို​ယုံ​ကြည်​သည်​ဖြစ်​၍​ကိုယ်​တော်​ကို​ဂုဏ် ပြု​ချီး​ကူး​သည့်​လူ​စု​တွင်​ပါ​ဝင်​ကြ​လိမ့် မည်။

ပြင်း​ထန်​လှ​သည့်​ပင်​လယ်​လှိုင်း​တံ​ပိုး​နှင့် လည်း​တူ​ကြ​၏။ ပင်​လယ်​လှိုင်း​တံ​ပိုး​များ​မှ ရေ​မြှုပ်​များ​ကဲ့​သို့ သူ​တို့​၏​ရှက်​ဖွယ်​ကောင်း သည့်​အ​ကျင့်​များ​သည်​ပေါ်​လွင်​လျက်​ရှိ​၏။ သူ​တို့​သည်​လမ်း​ကြောင်း​အ​တည်​တ​ကျ မ​ရှိ​သည့်​ကြယ်​ပျံ​နှင့်​လည်း​တူ​ကြ​၏။ သူ တို့​အ​တွက်​ဘု​ရား​သ​ခင်​သည်​အ​မှောင် မိုက်​ဆုံး​ဖြစ်​သည့်​အောက်​အ​ရပ်​တွင် ထာ​ဝ​စဉ် နေ​ရာ​သတ်​မှတ်​၍​ထား​တော်​မူ​သ​တည်း။

သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​လည်း ကောင်း၊ ထို​မြို့​များ​၏​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ ကို​လည်း​ကောင်း​သ​တိ​ရ​ကြ​လော့။ ထို​မြို့ တို့​မှ​မြို့​သူ​မြို့​သား​တို့​သည်​အ​ဆို​ပါ ကောင်း​ကင်​တ​မန်​များ​ကဲ့​သို့ ကာ​မ​ဂုဏ် လိုက်​စား​၍​သ​ဘာ​ဝ​နှင့်​ဆန့်​ကျင်​သည့် အ​ပျော်​အ​ပါး​ကို​လိုက်​စား​ခဲ့​ကြ​၏။ လူ အ​ပေါင်း​တို့​အား​ရှင်း​လင်း​ပြတ်​သား​စွာ သ​တိ​ပေး​သည့်​အ​နေ​ဖြင့် သူ​တို့​သည် ထာ​ဝ​ရ​တောက်​လောင်​သော​မီး​တွင်​အ​ပြစ် ဒဏ်​ကို​ခံ​ရ​ကြ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ