Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 3:14

Common Language Bible

သူ​တို့​သည်​အ​ထံ​တော်​သို့​လာ​ကြ​သော​အ​ခါ ကိုယ်​တော်​သည် တ​ပည့်​တော်​တစ်​ဆယ့်​နှစ်​ပါး​ကို ရွေး​ချယ်​တော်​မူ​ပြီး​လျှင်​တ​မန်​တော်​များ​ဟူ​၍ သ​မုတ်​တော်​မူ​၏။ ထို​နောက်​သူ​တို့​အား ``ငါ​သည် သင်​တို့​ကို​ငါ​၏​အ​ပါး​တွင်​နေ​စေ​လို​၍​ရွေး ချယ်​ခဲ့​၏။ တ​ရား​ဟော​ထွက်​ရန် သင်​တို့​အား​ငါ စေ​လွှတ်​မည်။ နတ်​မိစ္ဆာ​များ​အား​နှင်​ထုတ်​နိုင်​သော တန်​ခိုး​ကို​လည်း​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ကိုယ်​တော်​သည်​တောင်​ပေါ်​သို့​ကြွ​တော် မူ​၏။ အ​လို​ရှိ​သော​သူ​များ​ကို​အ​ထံ​တော်​သို့ ခေါ်​တော်​မူ​၏။-

တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ပြန်​လာ​ပြီး​လျှင် မိ​မိ​တို့​လုပ်​ဆောင်​ခဲ့​သ​မျှ သွန်​သင်​ခဲ့​သ​မျှ​တို့​ကို​ကြား​လျှောက်​ကြ​၏။-

နာ​မ​တော်​ကို​အ​မှီ​ပြု​၍​အ​ပြစ်​လွှတ်​ခြင်း​တ​ရား နှင့်​နောင်​တ​တ​ရား​ကို​လည်း ယေ​ရု​ရှ​လင်​မြို့​မှ အ​စ​ပြု​၍​လူ​မျိုး​တ​ကာ​တို့​အား​ဟော​ပြော ရ​မည်။-

သင်​တို့​သည်​ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ တည်​မြဲ​သော​အ​သီး​ကို​သီး​နိုင်​ကြ​စေ​ရန်​သင် တို့​အား​ငါ​ရွေး​ကောက်​ခန့်​ထား​၏။ သို့​ဖြစ်​၍​ငါ ၏​နာ​မ​ကို​အ​မှီ​ပြု​၍​သင်​တို့​တောင်း​လျှောက် သ​မျှ​တို့​ကို​ခ​မည်း​တော်​ပေး​တော်​မူ​လိမ့်​မည်။-

သို့​ရာ​တွင်​သင်​တို့​အ​ပေါ်​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သော​အ​ခါ​၌ သင်​တို့ သည်​တန်​ခိုး​ကို​ခံ​ယူ​ရ​ရှိ​ကြ​လိမ့်​မည်။ ထို အ​ခါ​သင်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့၊ ယု​ဒ ပြည်​တစ်​ပြည်​လုံး​နှင့်​ရှ​မာ​ရိ​ပြည်​မှ​စ​၍ ကမ္ဘာ​မြေ​ကြီး​အ​စွန်​အ​ဖျား​တိုင်​အောင် ငါ ၏​အ​ကြောင်း​ကို​သက်​သေ​ခံ​သူ​များ​ဖြစ် ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-

တ​မန်​တော်​ဖြစ်​သူ​ငါ​ပေါ​လု​နှင့် ဤ​အ​ရပ်​တွင် ရှိ​သည့်​ညီ​အစ်​ကို​အ​ပေါင်း​တို့​က ဂ​လာ​တိ​ပြည် ရှိ​အ​သင်း​တော်​များ​သို့​စာ​ရေး​လိုက်​ပါ​သည်။ ငါ သည်​လူ​အ​မိန့်​အာ​ဏာ​ဖြင့် တ​မန်​တော်​ရာ​ထူး​ကို အပ်​နှင်း​ခြင်း​ခံ​ရ​သူ​မ​ဟုတ်။ လူ​ခန့်​ထား​သည့် တ​မန်​တော်​လည်း​မ​ဟုတ်။ ယေ​ရှု​ခ​ရစ်​က​လည်း ကောင်း၊ ထို​အ​ရှင်​ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​တော်​မူ​သော​ခ​မည်း​တော်​ဘု​ရား​သ​ခင်​က လည်း​ကောင်း ခန့်​ထား​တော်​မူ​သော​သူ​ဖြစ်​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ