ကိုယ်တော်အသက်ရှင်လျက်ရှိတော်မူကြောင်းကို လည်းကောင်း၊ ကိုယ်တော်အားမာရိတွေ့မြင်ခဲ့ ရကြောင်းကိုလည်းကောင်း၊ ကြားသောအခါ မယုံကြ။
ငါခေါ်၍ အရှင်သည်ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။
မောရှေသည်ထိုအမိန့်တော်ကိုဣသရေလ အမျိုးသားတို့အားပြန်ကြားသော်လည်း သူ တို့သည်ကျွန်ခံရသောဒဏ်ကြောင့်အလွန်ပင် ပန်းနေကြသဖြင့်နားထောင်လက်ခံနိုင်စွမ်း မရှိကြချေ။
သူတို့သည်ကိုယ်တော်ကိုတွေ့မြင်သောအခါ ပျပ်ဝပ်ရှိခိုးကြ၏။ သို့ရာတွင်ထိုသူတို့အနက် အချို့သောသူတို့သည်ယုံမှားသံသယဖြစ် ကြ၏။-
ကိုယ်တော်က ``သင်တို့သည်ယုံကြည်ခြင်းကင်းမဲ့လှ ပါသည်တကား။ ငါသည်သင်တို့နှင့်မည်မျှကြာ အောင်နေရမည်နည်း။ မည်မျှကြာအောင်သင်တို့အား သည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံသို့ခေါ်ခဲ့ကြ လော့'' ဟုမိန့်တော်မူ၏။-
သူတို့ပြောကြားသည့်စကားများသည်တမန် တော်တို့အတွက်ယုတ္တိမရှိသောကြောင့်တမန် တော်တို့သည်မယုံကြ။-
သို့ရာတွင်သူတို့သည်အလွန်အံ့သြလျက်နေ ကြသဖြင့်မယုံနိုင်သေးဘဲရှိကြစဉ်ကိုယ်တော် က ``သင်တို့မှာစားစရာတစ်စုံတစ်ခုရှိသလော'' ဟုမေးတော်မူ၏။-
သို့ဖြစ်၍အခြားတပည့်တော်များက ``သခင် ဘုရားကိုငါတို့တွေ့မြင်ကြရပြီ'' ဟုသောမ အားပြောဆိုကြ၏။ သောမက ``လက်တော်၌သံရိုက်ရာကိုမမြင်၊ သံရိုက်ရာကိုလက်ညှိုးဖြင့်မတို့မစမ်း၊ နံဘေး တော်ကိုလက်ဖြင့်မစမ်းမသပ်ရလျှင်ငါယုံ မည်မဟုတ်'' ဟုဆို၏။