အလောင်းတော်ကိုသင်္ဂြိုဟ်သည့်နေရာကို မာဂဒလရွာသူမာရိနှင့်ယောသေ၏ အမိမာရိတို့တွေ့မြင်ရကြ၏။
ထိုသူတို့အထဲတွင်မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏အမိဖြစ်သူမာရိ နှင့်ဇေဗေဒဲ၏သားများ၏အမိတို့ပါကြ၏။
သင်္ချိုင်းရှေ့တွင်မာဂဒလမြို့သူမာရိနှင့်အခြား မာရိတို့သည်ထိုင်လျက်ရှိနေကြ၏။
ဥပုသ်နေ့ကုန်လွန်ပြီးနောက်တနင်္ဂနွေနေ့မိုးလင်း စပြုသောအခါ မာဂဒလမြို့သူမာရိနှင့် အခြားမာရိတို့သည်သင်္ချိုင်းတော်သို့လာကြ၏။-
အမျိုးသမီးအချို့တို့သည်အဝေးကရပ် လျက်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလရွာသူမာရိ၊ ယာကုပ်ငယ်နှင့် ယောသေတို့၏အမိဖြစ်သူမာရိနှင့်ရှာလုံ တို့ပါ၏။-
ယောသပ်သည်ပိတ်ချောကိုဝယ်ပြီးလျှင် အလောင်း တော်ကိုလက်ဝါးကပ်တိုင်မှချ၍ထိုပိတ်ဖြင့် ပတ်၏။ ထိုနောက်ကျောက်ဆောင်ကိုထွင်းထားသည့် သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကာဂူဝကိုကျောက်တုံး ကြီးလှိမ့်၍ပိတ်ထားလိုက်၏။-
ဥပုသ်နေ့ကုန်လွန်သွားသောအခါ မာဂဒလ ရွာသူမာရိ၊ ယာကုပ်၏အမိမာရိနှင့်ရှာလုံတို့ သည် သခင်ယေရှု၏အလောင်းတော်ကိုသုတ်လိမ်း ရန်ဆီမွှေးများကိုဝယ်ယူကြ၏။-
ဂါလိလဲပြည်မှကိုယ်တော်နှင့်လိုက်ခဲ့ကြသော အမျိုးသမီးများလည်းလိုက်ပို့၍သင်္ချိုင်းတော် ကိုလည်းကောင်း၊ အလောင်းတော်ကိုအဘယ်သို့ ထားသည်ကိုလည်းကောင်းတွေ့မြင်ကြ၏။-