Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 15:21

Common Language Bible

ထို​အ​ချိန်​၌ (အာ​လေ​ဇန္ဒြု​နှင့်​ရု​ဖု​တို့​၏​အ​ဖ၊ ကု​ရေ​နေ​ပြည်​သား) ရှိ​မုန်​သည်​ကျေး​လက်​တော ရွာ​ဘက်​မှ​လာ​၏။ စစ်​သား​တို့​သည်​သူ့​ကို​အ​တင်း အ​ကြပ်​ခေါ်​၍ ကိုယ်​တော်​၏​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း​စေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ထွက်​လာ​ကြ​စဉ်​ရှိ​မုန်​နာ​မည်​ရှိ​သူ ကု​ရေ​နေ​ပြည်​သား​တစ်​ယောက်​ကို​တွေ့​သ​ဖြင့် ထို​သူ​အား​အ​တင်း​အ​ကြပ်​ခေါ်​၍​ကိုယ်​တော်​၏ လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​စေ​ကြ​၏။-

သင့်​အား​အ​နိုင်​အ​ထက်​ပြု​၍​ခ​ရီး​တစ်​မိုင်​သွား စေ​သူ​နှင့်​ခ​ရီး​နှစ်​မိုင်​သွား​လော့။-

ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​နီ​မောင်း​သော အ​ဝတ်​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို ပြန်​ဝတ်​ပေး​ကြ​၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​သတ်​ရန်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။

မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​၍​ငါ့​နောက်​သို့ မ​လိုက်​သော​သူ​သည် ငါ​၏​တ​ပည့်​မ​ဖြစ်​နိုင်။-

စစ်​သား​တို့​သည်​ကိုယ်​တော်​ကို​ထုတ်​ဆောင်​သွား ကြ​စဉ် ကျေး​လက်​တော​ရွာ​မှ​လာ​သော​ကု​ရေ​နေ ပြည်​သား​ရှိ​မုန်​ကို​ဖမ်း​ဆီး​၍ သူ​၏​ပ​ခုံး​ပေါ် တွင်​လက်​ဝါး​ကပ်​တိုင်​ကို​တင်​ကြ​၏။ ထို​နောက် လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း​စေ​လျက်​သ​ခင် ယေ​ရှု​၏​နောက်​တော်​မှ​လိုက်​စေ​ကြ​၏။

ကိုယ်​တော်​သည်​ဦး​ခေါင်း​ခွံ​ဟု​နာ​မည်​တွင်​သော အ​ရပ်​သို့​မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း လျက်​ကြွ​တော်​မူ​၏။ (ထို​အ​ရပ်​ကို​ဟေ​ဗြဲ ဘာ​သာ​အား​ဖြင့် ``ဂေါ​လ​ဂေါ​သ'' ဟု​ခေါ် သ​တည်း။)-

သို့​ရာ​တွင်​သူ​တို့​အ​ထဲ​တွင်​သ​ခင်​ယေ​ရှု ကို​ယုံ​ကြည်​သူ ကု​ပ​ရု​ပြည်​သား​နှင့်​ကု​ရေ နေ​ပြည်​သား​အ​ချို့​ပါ​၏။ သူ​တို့​သည်​အန္တိ အုတ်​မြို့​သို့​သွား​၍ လူ​မျိုး​ခြား​တို့​အား​လည်း သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​သ​တင်း​ကောင်း ကို​ဟော​ပြော​ကြေ​ညာ​ကြ​၏။-

အန္တိ​အုတ်​မြို့​အ​သင်း​တော်​တွင် ပ​ရော​ဖက်​များ နှင့်​ဆ​ရာ​များ​ရှိ​၏။ ထို​သူ​တို့​ကား​ဗာ​န​ဗ၊ နိ​ဂါ​ခေါ်​ရှုမောင်၊ ကု​ရေ​နေ​ပြည်​သား​လု​ကိ၊ (စော်​ဘွား​ဟေ​ရုဒ်​၏​ငယ်​သူ​ငယ်​ချင်း​ဖြစ်​သူ) မာ​နင်​နှင့်​ရှော​လု​တို့​တည်း။-

ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အီ​ဂျစ်​ပြည်​များ​မှ လည်း​ကောင်း၊ ကု​ရေ​နေ​မြို့​အ​နီး​လိ​ဗု​နယ်​ပယ် များ​မှ​လည်း​ကောင်း​လာ​ကြ​သူ​များ​ဖြစ်​၏။ အ​ချို့​သော​ငါ​တို့​သည်​ရော​မ​မြို့​မှ​ရောက် လာ​သော၊-

သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​သူ့​ကို​အ​တိုက် အ​ခံ​ပြု​ကြ​၏။ ထို​သူ​တို့​ကား​ကု​ရေ​နေ​နှင့် အာ​လေ​ဇန္ဒြူ​ယ​မြို့​ရှိ​ယု​ဒ​အ​မျိုး​သား​တို့ ပါ​ဝင်​သည့်​လွတ်​လပ်​သူ​များ ၏​တ​ရား​ဇ​ရပ်​အ​ဖွဲ့​ဝင်​များ​ဖြစ်​၏။ ထို​သူ​တို့​နှင့် တ​ကွ​ကိ​လိ​ကိ​ပြည်​နှင့်​အာ​ရှ​ပြည်​မှ ယု​ဒ​အ​မျိုး သား​အ​ချို့​တို့​သည်​သ​တေ​ဖန်​နှင့်​စ​တင်​ငြင်း​ခုံ ကြ​၏။-

သ​ခင်​ဘု​ရား​၏​အ​မှု​တော်​ကို​ထူး​ချွန်​စွာ ဆောင်​ရွက်​သူ​ရု​ဖု​နှင့် ငါ​၏​အ​မိ​သ​ဖွယ် ဖြစ်​သော​သူ​၏​အ​မိ​ကို​နှုတ်​ဆက်​လိုက်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ