ပိလတ်မင်းက ``သင်သည်ယုဒရှင်ဘုရင်မှန် သလော'' ဟုကိုယ်တော်အားမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည့်အတိုင်းမှန်၏'' ဟုမိန့်တော်မူ၏။
``ယခုဖွားမြင်သောယုဒရှင်ဘုရင်သည် အဘယ်မှာရှိသနည်း။ အရှေ့တိုင်းနိုင်ငံတွင် ထိုအရှင်၏ကြယ်ပေါ်ထွန်းသည်ကိုမြင်သဖြင့် ထိုအရှင်အားဖူးမြော်ပူဇော်အံ့သောငှာ ငါ တို့ရောက်လာကြပါသည်'' ဟုစုံစမ်းမေးမြန်း ကြ၏။-
ပိလတ်မင်းက ``ယုဒရှင်ဘုရင်ဟုသင်တို့ခေါ် သူကို ငါအဘယ်သို့ပြုရမည်နည်း'' ဟုပြန်၍ မေး၏။
``ယုဒရှင်ဘုရင်သက်တော်ရှည်ပါစေသော'' ဟုပြက်ရယ်ပြုလျက်အရိုအသေပေးကြ၏။-
ကိုယ်တော်၏ပြစ်မှုကိုကမ္ပည်းရေးထိုး၍လက်ဝါး ကပ်တိုင်အထက်တွင်တင်ထားသည်ကား ``ယုဒ ရှင်ဘုရင်'' ဟူ၍ဖြစ်သတည်း။-
ယဇ်ပုရောဟိတ်ကြီးတို့သည်ကိုယ်တော်အပေါ် အပြစ်များစွာစွပ်စွဲကြ၏။-
ပိလတ်မင်းက ``သင်တို့သည်ယုဒရှင်ဘုရင် အား လွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသလော'' ဟုမေး၏။-
အရာခပ်သိမ်းတို့ကိုအသက်ရှင်စေတော် မူသောဘုရားသခင်၏ရှေ့တော်မှောက်၌ လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ရှေ့တွင်မိမိ ၏ယုံကြည်ချက်ကိုခိုင်မာစွာဖော်ပြတော် မူသော ခရစ်တော်ယေရှု၏ရှေ့တော်မှောက် ၌လည်းကောင်း သင့်အားဤအလုပ်တာဝန် ကိုဆောင်ရွက်ရန်ငါပညတ်၏။-