Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 15:19

Common Language Bible

ဦး​ခေါင်း​တော်​ကို​ကူ​လုံး​နှင့်​ရိုက်​ကြ​၏။ ကိုယ် တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ရှေ့​တော်​၌ ဒူး​ထောက်​လျက်​ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

32 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​၏​အ​စေ​ခံ​သည်​ထို​စ​ကား​ကို ကြား​ရ​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ဦး​ညွှတ် ရှိ​ခိုး​လေ​သည်။-

သူ​တို့​က``အရှင့်​ကျွန်၊ ကျွန်​တော်​တို့​၏​အ​ဖ​သည် ကျန်း​မာ​၍​အ​သက်​ရှင်​လျက်​ရှိ​ပါ​၏'' ဟု​ဖြေ ကြ​၏။ ထို​နောက်​သူ​တို့​သည်​ယော​သပ်​အား ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။

သို့​ရာ​တွင်​ငါ့​အား​သစ္စာ​စောင့်​၍​ဗာ​လ​အား​ဦး မ​ညွှတ်​သူ၊ သူ​၏​ရုပ်​တု​ကို​မ​နမ်း​ရှုပ်​သူ​လူ ပေါင်း​ခု​နစ်​ထောင်​တို့​ကို ဣ​သ​ရေ​လ​ပြည်​တွင် ကျန်​ကြွင်း​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။

သင်တို့ကိုကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။

သူ​တို့​သည်​လမ်း​များ​တွင်​ကျွန်​တော်​မျိုး​အ​ကြောင်း​ကို ပြော​ဆို​ကြ​ပါ​၏။ သေ​သောက်​ကြူး​သူ​တို့​သည်​ကျွန်​တော်​မျိုး အ​ကြောင်း​ကို​တေး​ဖွဲ့​၍​ဆို​ကြ​ပါ​၏။

ငါ​၏​နှုတ်​ထွက်​စ​ကား​သည်​အ​မှန်​ဖြစ်​သ​ဖြင့် ပြောင်း​လဲ​၍​သွား​လိမ့်​မည်​မ​ဟုတ်။ လူ​အ​ပေါင်း​တို့​သည်​လာ​၍​ငါ​၏​ရှေ့​၌ ဒူး​ထောက်​ကာ၊ ကျေး​ဇူး​သစ္စာ​တော်​ကို​ခံ​ယူ​ပါ​မည်​ဟု​ကျိန်​ဆို က​တိ​ပြု​ကြ​လိမ့်​မည်။

လူ​မျိုး​တ​ကာ​တို့​၏​ရွံ​ရှာ​မုန်း​တီး​ခြင်း​ကို များ​စွာ​ခံ​ရ​၍၊ မင်း​ဆိုး​မင်း​ညစ်​တို့​၏​အ​စေ​ခံ​ဖြစ်​သူ​အား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် သည့် ဘု​ရား​သ​ခင်၊ကယ်​တင်​ရှင်​က၊ ``ပြည်​ရှင်​မင်း​တို့​သည်​သင့်​အား​လွတ်​မြောက် စေ​ပြီး​လျှင် ထ​၍​အ​ရို​အ​သေ​ပေး​ကြ​လိမ့်​မည်။ မင်း​ညီ​မင်း​သား​များ​သည်​လည်း​သင့်​ကို​မြင်​၍၊ ဦး​ညွှတ်​ပျပ်​ဝပ်​ကာ​အ​လေး​ပြု​ကြ​လိမ့်​မည်။'' အ​ဘယ်​ကြောင့်​ဆို​သော်၊က​တိ​တည်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ် တော်​မူ​သော​ဘု​ရား​သ​ခင်​သည်၊ သင့်​ကို​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ပြီ ဖြစ်​သော​ကြောင့်​တည်း​ဟု​မိန့်​တော်​မူ​ပါ​၏။

ငါ​သည်​မိ​မိ​ကို​ရိုက်​နှက်​သူ​တို့​အား​ကျော​ခင်း ၍ ပေး​ပါ​၏။ ငါ​၏​မုတ်​ဆိတ်​မွေး​တို့​ကို​ဆွဲ​နုတ်​ပြီး​လျှင် ငါ​၏​မျက်​နှာ​ကို​တံ​တွေး​နှင့်​ထွေး​၍၊ ငါ့​ကို​သူ​တို့​စော်​ကား​ကြ​သော​အ​ခါ​ငါ​သည် သူ​တို့​အား​ဆီး​တား​မှု​ကို​မ​ပြု။

လူ​အ​များ​ပင်​သူ့​ကို​တွေ့​မြင်​သော​အ​ခါ လိပ်​ပြာ​လန့်​၍​သွား​ကြ​၏။ သူ​သည်​လွန်​စွာ​ရုပ်​ပျက်​ဆင်း​ပျက်​ဖြစ်​၍​နေ သ​ဖြင့် လူ​နှင့်​ပင်​မ​တူ​တော့။

``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ သင်​တို့​၏​တပ်​များ ကို​စု​ရုံး​စေ​ကြ​လော့၊ ငါ​တို့​ကို​ရန်​သူ​များ ဝိုင်း​ထား​ကြ​ပြီ။ သူ​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင်​များ​ကို သုတ်​သင်​ပယ်​ရှင်း​ပစ်​ရန်​ကြိုး​စား​ကြ​၏။

သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး​နှင့်​ထွေး​ကြ​၏။ ကူ​ရိုး​ကို​ယူ​၍​ခေါင်း​တော်​ကို​ရိုက်​ကြ​၏။-

လူ​မျိုး​ခြား​တို့​သည်​လူ​သား​အား​ပြောင်​လှောင်​၍ တံ​တွေး​နှင့်​ထွေး​ကြ​လိမ့်​မည်။ ကြိမ်​ဒဏ်​ပေး​၍ အ​သေ​သတ်​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​သုံး​ရက် ကြာ​သော​အ​ခါ​လူ​သား​သည် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

အ​ချို့​သော​သူ​တို့​သည်​ကိုယ်​တော်​ကို​တံ​တွေး နှင့်​ထွေး​ကြ​၏။ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ရိုက်​ပုတ်​ကြ​၏။ ``အ​ရှင်​အား​မည်​သူ​ရိုက်​ပုတ် သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို​ကြ​၏။ ယဇ် ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော်​တပ်​သား​တို့ သည်​ပါး​တော်​ကို​လက်​ဖြင့်​ရိုက်​ကြ​၏။

``ယု​ဒ​ရှင်​ဘု​ရင်​သက်​တော်​ရှည်​ပါ​စေ​သော'' ဟု​ပြက်​ရယ်​ပြု​လျက်​အ​ရို​အ​သေ​ပေး​ကြ​၏။-

ဤ​သို့​ပြောင်​လှောင်​ကြ​ပြီး​လျှင်​နီ​မောင်း​သော အ​ဝတ်​ကို​ချွတ်​၍ ကိုယ်​တော်​၏​အ​ဝတ်​တော်​ကို ပြန်​ဝတ်​ပေး​ကြ​၏။ ထို​နောက်​လက်​ဝါး​ကပ်​တိုင် တွင်​တင်​၍​သတ်​ရန်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။

ကိုယ်​တော်​က ``အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​အ​သင့် ပြင်​ဆင်​ရန် ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​ကြွ​လာ​ရ သည်​ကား​မှန်​၏။ သို့​ရာ​တွင်​ကျမ်း​စာ​တော်​က လူ​သား​သည်​များ​စွာ​သော​ဒုက္ခ​ဆင်း​ရဲ​ကို​လည်း ကောင်း၊ ပစ်​ပယ်​ခြင်း​ကို​လည်း​ကောင်း​ခံ​ရ​မည်​ဟု အ​ဘယ်​ကြောင့်​ဆို​သ​နည်း။-

သ​ခင်​ယေ​ရှု​ကို​စောင့်​ကြပ်​နေ​သူ​တို့​က ကိုယ်​တော်​အား​ပြောင်​လှောင်​ရိုက်​ပုတ်​ကြ​၏။-

ဟေ​ရုဒ်​မင်း​နှင့်​သူ​၏​စစ်​သား​များ​သည်​ကိုယ် တော်​အား​မ​ထီ​မဲ့​မြင်​ပြု​၍​ပြောင်​လှောင် ကြ​၏။ ထို​နောက်​တင့်​တယ်​သော​ဝတ်​လုံ​ကို ဝတ်​ပေး​ပြီး​လျှင် ကိုယ်​တော်​အား​ပိ​လတ် မင်း​ထံ​ပြန်​ပို့​လိုက်​၏။-

စစ်​သား​များ​သည်​လည်း​ကိုယ်​တော်​အား​ပုံး ရည်​ကို​တိုက်​လျက်၊-

သို့​ရာ​တွင်​ဧ​လိ​ယ​အား​ဘု​ရား​သ​ခင်​အ​ဘယ် သို့​ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ ကိုယ်​တော်​က``ငါ သည်​ဗာ​လ​ရုပ်​တု​အား​ဦး​မ​ညွှတ်၊ ရှိ​မ​ခိုး​သူ လူ​ခု​နစ်​ထောင်​ကို​ငါ​၏​အ​တွက်​ချန်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။-

ထို့​ကြောင့်​မိုး​မြေ​နှင့်​မြေ​အောက်​ရှိ သတ္တဝါ​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​ရို​သေ​ဦး​ညွှတ်​လျက်၊

သို့​ဖြစ်​၍​ငါ​တို့​သည်​ကိုယ်​တော်​ရှိ​ရာ​စ​ခန်း အ​ပြင်​သို့​သွား​၍ ကိုယ်​တော်​နှင့်​အ​တူ​ကဲ့​ရဲ့ ရှုတ်​ချ​ခြင်း​ကို​ခံ​ကြ​ကုန်​အံ့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ