ထိုနောက်ကိုယ်တော်အားနီမောင်းသောအဝတ် ကိုဝတ်ဆင်စေ၍ ဆူးခက်ဖြင့်ရက်သောသရဖူ ကိုဆောင်းပေးပြီးနောက်၊-
စစ်သားများသည်ကိုယ်တော်ကိုဘုရင်ခံမင်း ၏အိမ်တော်ဝင်းသို့ခေါ်ဆောင်သွားပြီးလျှင် တပ်ခွဲတစ်ခုလုံးကိုစုရုံးစေ၏။-
``ယုဒရှင်ဘုရင်သက်တော်ရှည်ပါစေသော'' ဟုပြက်ရယ်ပြုလျက်အရိုအသေပေးကြ၏။-
ဟေရုဒ်မင်းနှင့်သူ၏စစ်သားများသည်ကိုယ် တော်အားမထီမဲ့မြင်ပြု၍ပြောင်လှောင် ကြ၏။ ထိုနောက်တင့်တယ်သောဝတ်လုံကို ဝတ်ပေးပြီးလျှင် ကိုယ်တော်အားပိလတ် မင်းထံပြန်ပို့လိုက်၏။-