Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 15:11

Common Language Bible

ယဇ်​ပု​ရော​ဟိတ်​ကြီး​တို့​လှုံ့​ဆော်​သ​ဖြင့် လူ​အ​ပေါင်း တို့​သည်​သ​ခင်​ယေ​ရှု​အ​စား​ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း ချမ်း​သာ​ခွင့်​ပေး​ရန်​တောင်း​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

``ယဇ်​ပု​ရော​ဟိတ်​တို့၊ ကြား​နာ​ကြ​လော့၊ ဣ​သ​ရေ​လ​ပြည်​သား​တို့​ဂ​ရု​စိုက်​နား ထောင်​ကြ​လော့။ မင်း​မျိုး​မင်း​နွယ်​တို့​နား ထောင်​ကြ​လော့။ သင်​တို့​ကိုယ်​တိုင်​မှန်​ကန်​စွာ စီ​ရင်​ရ​မည့်​သူ​များ​ဖြစ်​သည်။ ထို​အ​တိုင်း ပင်​သင်​တို့​ကို​လည်း​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း ခံ​ရ​ကြ​မည်။ သင်​တို့​သည်​မိ​ဇ​ပါ​မြို့​တွင် ထောင်​သော​ထောင်​ချောက်၊ တာ​ဗော်​တောင်​တွင် ဖြန့်​ထား​သော​ပိုက်​ကွန်၊-

ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး​ခေါင်း ဆောင်​များ​သည် ``ဗာ​ရဗ္ဗ​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ပေး​ပါ။ ယေ​ရှု​ကို​သတ်​ပါ'' ဟု​ပိ​လတ်​မင်း ထံ​တောင်း​ဆို​ရန်​ပ​ရိ​သတ်​တို့​အား​တိုက်​တွန်း ကြ​၏။-

ထို​သို့​မေး​သည့်​အ​ကြောင်း​မှာ​ယဇ်​ပု​ရော​ဟိတ် ကြီး​တို့​သည် သ​ခင်​ယေ​ရှု​အား​မ​နာ​လို​သ​ဖြင့် မိ​မိ​ထံ​သို့​ပို့​အပ်​ကြ​ကြောင်း​ကို​သိ​သော ကြောင့်​ဖြစ်​၏။

ပိ​လတ်​မင်း​က ``ယု​ဒ​ရှင်​ဘု​ရင်​ဟု​သင်​တို့​ခေါ် သူ​ကို ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း'' ဟု​ပြန်​၍ မေး​၏။

ထို​သူ​တို့​က ``သူ့​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​မ​ပေး ပါ​နှင့်။ ဗာ​ရဗ္ဗ​ကို​ပေး​ပါ'' ဟု​ဟစ်​အော်​ကြ​၏။ (ဗာ​ရဗ္ဗ​ကား​ဋ္ဌား​ပြ​ဖြစ်​သ​တည်း။)

သင်​တို့​က​မူ​သန့်​ရှင်း​ကောင်း​မြတ်​တော်​မူ​သော အ​ရှင်​ကို​ပစ်​ပယ်​ခဲ့​ကြ​၏။ သင်​တို့​သည်​လူ သတ်​သ​မား​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ရန်​တောင်း​ခံ​ပြီး​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ