Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 14:72

Common Language Bible

ထို​ခ​ဏ​၌​ဒု​တိ​ယ​အ​ကြိမ်​ကြက်​တွန်​လေ​၏။ ထို​အ​ခါ ``ကြက်​နှစ်​ကြိမ်​မ​တွန်​မီ​သင်​သည်​ငါ့ ကို​မ​သိ​ဟူ​၍​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို လိမ့်​မည်'' ဟု​သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​ခဲ့​သည့် စ​ကား​ကို ပေ​တ​ရု​သည်​ပြန်​လည်​သ​တိ​ရ သ​ဖြင့်​ငို​ကြွေး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ဒါ​ဝိဒ်​သည်​သန်း​ခေါင်​စာ​ရင်း ကောက်​ပြီး​သော​အ​ခါ​နောင်​တ​ရ​လျက် ထာ​ဝ​ရ​ဘု​ရား​အား``အ​ကျွန်ုပ်​သည်​ဤ ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ပြစ်​ကို​ကူး လွန်​မိ​ပါ​ပြီ။ အ​ကျွန်ုပ်​အား​အပြစ်​ဖြေ​လွှတ် တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​မိုက်​မဲ​စွာ​ပြု မိ​ပါ​ပြီ'' ဟု​လျှောက်​ထား​၏။

သင်​ပြု​ခဲ့​သ​မျှ​သော​အ​မှား​တို့​ကို​ငါ​ခွင့် လွှတ်​သော​အ​ခါ သင်​သည်​ယင်း​အ​မှား​တို့ ကို​သ​တိ​ရ​လျက်​ရှက်​သ​ဖြင့် နှုတ်​ကို​ပင် မ​ဖွင့်​နိုင်​သည်​တိုင်​အောင်​အ​ရှက်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

သင်​တို့​သည်​မိ​မိ​တို့​၏​ညစ်​ညမ်း​သော အ​ကျင့်​များ​နှင့်​ပြု​ခဲ့​သည့်​အ​မှား​များ ကို​ပြန်​လည်​သ​တိ​ရ​ကြ​လိမ့်​မည်။ မိ​မိ တို့​၏​အ​ပြစ်​များ​နှင့်​ဆိုး​ညစ်​မှု​များ အ​တွက်​သင်​တို့​သည်​မိ​မိ​ကိုယ်​ကို​စက် ဆုပ်​လာ​ကြ​လိမ့်​မည်။-

ကျန်​ရစ်​သော​သူ​တို့​သည်​ချိုး​ငှက်​ကဲ့​သို့​ညည်း ညူ​လျက်​ချိုင့်​ဝှမ်း​များ​ထဲ​မှ​နေ​၍ တောင်​ပေါ် သို့​ထွက်​ပြေး​ကြ​လိမ့်​မည်။ လူ​အ​ပေါင်း​တို့ သည်​မိ​မိ​တို့​၏​အ​ပြစ်​များ​အ​တွက်​ငို ကြွေး​ရ​လိမ့်​မည်။-

သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား၊ ယ​နေ့​ည​၌​ပင်​ကြက်​မ​တွန်​မီ​သင် သည်​ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ်​တိုင်​တိုင်​ငြင်း​ဆို လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။

သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင့်​အား​ငါ​ဆို သည်​ကား ယ​နေ့​ည​၌​ပင်​ကြက်​နှစ်​ကြိမ်​မ​တွန်​မီ သင်​သည်​သုံး​ကြိမ်​တိုင်​တိုင်​ငါ့​ကို​မ​သိ​ဟု​ငြင်း ဆို​လိမ့်​မည်'' ဟု​ပေ​တ​ရု​အား​မိန့်​တော်​မူ​၏။

ပေ​တ​ရု​က ``သင်​ပြော​သည့်​အ​ရာ​ကို​ငါ​မ​သိ၊ နား​မ​လည်'' ဟု​ငြင်း​ဆို​၏။ ထို​နောက်​သူ​သည် ဝင်း​၏​အ​ဝင်​ဝ​ဆီ​သို့​သွား​၏။ ထို​အ​ချိန်​၌ ကြက်​တွန်​လေ​၏။

သို့​ရာ​တွင်​ပေ​တ​ရု​က ``သင်​တို့​ပြော​သော​သူ ကို​ငါ​မ​သိ'' ဟု​ဘု​ရား​သ​ခင်​ကို​တိုင်​တည်​၍ ကျိန်​ဆို​လေ​၏။

သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ သင်​ပြော သော​အ​ကြောင်း​အ​ရာ​ကို​ငါ​မ​သိ'' ဟု​ဆို​၏။ ဤ​သို့​ပေ​တ​ရု​ပြော​ဆို​နေ​စဉ်​ကြက်​တွန်​လေ​၏။-

သို့​ဖြစ်​၍​အ​ပြင်​သို့​ထွက်​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​လေ​၏။

ဘု​ရား​သ​ခင်​အ​သုံး​ပြု​တော်​မူ​သည့်​ဝမ်း​နည်း ခြင်း​သည်​ကယ်​တင်​ခြင်း​ကို​ရ​စေ​သည့်​နောင်​တ စိတ်​ကို​ဖြစ်​ပေါ်​စေ​တတ်​၏။ ထို့​ကြောင့်​ဝမ်း​နည်း မိ​သည့်​အ​တွက်​စိတ်​မ​ကောင်း​မ​ဖြစ်​သင့်။ သို့ ရာ​တွင်​လူ့​ဝမ်း​နည်း​ခြင်း​၏​အ​ကျိုး​ကား​သေ ခြင်း​ပေ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ