Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 14:67

Common Language Bible

ပေ​တ​ရု​မီး​လှုံ​နေ​သည်​ကို​မြင်​သော​အ​ခါ သူ့ ကို​စေ့​စေ့​ကြည့်​၍ ``သင်​သည်​လည်း​နာ​ဇ​ရက် မြို့​သား​ယေ​ရှု​၏​အ​ပေါင်း​အ​ဖော်​ဖြစ်​၏'' ဟု ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

နာ​ဇ​ရက်​နာ​မည်​တွင်​သော​မြို့​တွင်​နေ​ထိုင်​လေ​၏။ သို့​ဖြစ်​၍ ``ကိုယ်​တော်​အား​နာ​ဇ​ရက်​မြို့​သား​ဟု ခေါ်​ဝေါ်​ကြ​လတ္တံ့'' ဟူ​သော​ပ​ရော​ဖက်​များ​၏ ဟော​ကြား​ချက်​မှန်​ကန်​၍​လာ​သ​တည်း။

လူ​ပ​ရိ​သတ်​များ​က ``ဤ​သူ​သည်​ဂါ​လိ​လဲ ပြည်​နာ​ဇ​ရက်​မြို့​သား​ပ​ရော​ဖက်​ယေ​ရှု​ဖြစ် သည်'' ဟု​ဖြေ​ကြား​ကြ​၏။

ထို​သူ​က ``နာ​ဇ​ရက်​မြို့​သား​ယေ​ရှု၊ အ​ရှင်​သည်​အ​ကျွန်ုပ် တို့​အား​အ​ဘယ်​သို့​ပြု​လို​တော်​မူ​ပါ​သ​နည်း။ အ​ကျွန်ုပ် တို့​အား​ဖျက်​ဆီး​ရန်​ကြွ​လာ​တော်​မူ​ပါ​သ​လော။ အ​ရှင် သည်​မည်​သူ​ဖြစ်​သည်​ကို​အ​ကျွန်ုပ်​သိ​ပါ​၏။ အ​ရှင် ကား​ဘု​ရား​သ​ခင်​ထံ​မှ​ကြွ​လာ​တော်​မူ​သော သန့်​ရှင်း​မြင့်​မြတ်​သူ​ပေ​တည်း'' ဟု​ဟစ်​အော်​၏။

သူ​သည်​နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ရောက်​ရှိ​တော် မူ​ကြောင်း​ကို​ကြာ​သိ​ရ​သော​အ​ခါ ``ဒါ​ဝိဒ်​၏ သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ ပါ'' ဟု​ဟစ်​အော်​လေ​၏။

ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ​၍ ယဇ်​ပု​ရော ဟိတ်​မင်း​၏​ကျောင်း​တော်​ဝင်း​အ​တွင်း​သို့​တိုင် အောင် ကိုယ်​တော်​၏​နောက်​တော်​က​လိုက်​လာ​ခဲ့​၏။ သူ​သည်​ယဇ်​ပု​ရော​ဟိတ်​မင်း​၏​ကိုယ်​ရံ​တော် တပ်​သား​များ​နှင့်​အ​တူ မီး​လှုံ​လျက်​နေ​၏။-

ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​၏​အ​စောင့် တပ်​သား​များ​နှင့်​အ​စေ​ခံ​များ​သည်​ချမ်း​သ​ဖြင့် မီး​သွေး​မီး​လင်း​ဖို​ပတ်​လည်​တွင်​ရပ်​၍​မီး​လှုံ လျက်​နေ​ကြ​၏။ ပေ​တ​ရု​သည်​လည်း​ထို​သူ တို့​နှင့်​အ​တူ​ရပ်​၍​မီး​လှုံ​နေ​၏။

ပိ​လတ်​မင်း​သည်​ကမ္ပည်း​လိပ်​စာ​ရေး​၍​ကိုယ်​တော် ၏​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​ကပ်​ထား​စေ​၏။ ထို ကမ္ပည်း​လိပ်​စာ​ကား ``ယု​ဒ​ဘု​ရင်၊ နာ​ဇ​ရက်​မြို့ သား​ယေ​ရှု'' ဟူ​၍​ဖြစ်​သ​တည်း။-

နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​သည်​ဘု​ရား​သ​ခင် ထံ​တော်​မှ​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် တန်​ခိုး တော်​အ​ဘယ်​သို့​ခံ​ယူ​ရ​ရှိ​သည်​အ​ကြောင်း​ကို လည်း​ကောင်း​သင်​တို့​သိ​ကြ​၏။ ဘု​ရား​သ​ခင် သည်​ကိုယ်​တော်​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် ကိုယ်​တော်​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​၍ လူ တို့​အား​ကျေး​ဇူး​ပြု​လျက်​မာရ်​နတ်​နှိပ်​စက် သူ​အ​ပေါင်း​တို့​အား​ကျန်း​မာ​စေ​တော်​မူ​ခဲ့​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ