Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 14:34

Common Language Bible

``ငါ​သည်​သေ​လု​နီး​ပါး​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​ဤ​အ​ရပ်​တွင်​သ​တိ​နှင့်​စောင့်​နေ​ကြ လော့'' ဟု​တ​ပည့်​တော်​တို့​သုံး​ဦး​တို့​အား​မိန့် တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ငါ​သည်​သူ့​အား​ကြီး​မြတ်​သူ၊ တန်​ခိုး​ကြီး သူ​များ​နှင့်​အ​တူ၊ ဂုဏ်​ထူး​ဆောင်​နေ​ရာ​ကို​ပေး​အပ်​တော်​မူ​မည်။ သူ​သည်​မိ​မိ​၏​အ​သက်​ကို​သဒ္ဓာ​ကြည်​ဖြူ​စွာ စွန့်​လှူ​ပြီး​လျှင်၊ ရာ​ဇ​ဝတ်​ကောင်​တို့​၏​ကံ​ကြမ္မာ​ကို​ခံ​ယူ​၏။ သူ​သည်​အ​ပြစ်​ကူး​သူ​များ​ကို​ကိုယ်​စား​ပြု​၍ ထို​သူ​တို့​ခံ​ထိုက်​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ယူ ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။

သူ​သည်​အ​နီး​အ​နား​မှ​ဖြတ်​သန်း​သွား​လာ​သူ အ​ပေါင်း​တို့​အား​အော်​ပြော​သည်​မှာ ``ငါ့​ကို​ကြည့်​ကြ​ပါ။ ငါ​ခံ​ရ​သော​ဝေ​ဒ​နာ မျိုး​ကို အ​ဘယ်​သူ​မျှ​မ​ခံ​ရ​ဘူး​ပါ။ ဤ​ကဲ့​သို့​သော​ဝေ​ဒ​နာ​မျိုး​ရှိ​ဖူး​ပါ​သ​လော။ ထို​ဝေ​ဒ​နာ​သည်​ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ထွက်​၍​ငါ့​အား​ခံ​စား​စေ​သည့် ဝေ​ဒ​နာ​ဖြစ်​ပါ​၏။''

``ငါ​သည်​သေ​လု​အောင်​စိတ်​ဒုက္ခ​ရောက်​လှ​၏။ သင်​တို့​သည်​ဤ​နေ​ရာ​တွင်​ငါ​နှင့်​အ​တူ​စောင့် နေ​ကြ​လော့'' ဟု​တ​ပည့်​တော်​သုံး​ဦး​အား မိန့်​တော်​မူ​၏။-

``ငါ​သည်​စိတ်​ဒုက္ခ​ရောက်​လျက်​ရှိ​၏။ ငါ​အ​ဘယ် သို့​မြွက်​ဆို​ရ​အံ့​နည်း။ `အို ခ​မည်း​တော်၊ အ​ကျွန်ုပ် အား​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ရောက်​ချိန်​နှင့်​ကင်း​လွတ် စေ​တော်​မူ​ပါ' ဟု​မြွက်​ဆို​ရ​မည်​လော။ သို့​ရာ တွင်​ငါ​သည်​ဤ​ဒုက္ခ​ဝေ​ဒ​နာ​ခံ​ဖို့​ရန်​ရောက်​ရှိ လာ​ခြင်း​ဖြစ်​၏။-

အ​မှု​အ​ရာ​ခပ်​သိမ်း​တို့​အ​တွက်​နောက်​ဆုံး သော​အ​ချိန်​နီး​ကပ်​လာ​ပြီ​ဖြစ်​၍ သင်​တို့​သည် ဆု​တောင်း​နိုင်​ကြ​ရန် မိ​မိ​တို့​၏​စိတ်​ကို​ထိန်း ချုပ်​လျက်​နိုး​နိုး​ကြား​ကြား​ရှိ​ရ​ကြ​မည်။-

နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ သ​တိ​နှင့်​စောင့် နေ​ကြ​လော့။ သင်​တို့​၏​ရန်​သူ​မာရ်​နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့​သို့​ဝါး​မျို​ရ​မည့်​သူ​ကို လှည့်​လည်​ရှာ​ဖွေ​လျက်​ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ