Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 14:24

Common Language Bible

ကိုယ်​တော်​က ``ဤ​စ​ပျစ်​ရည်​ကား​လူ​အ​များ အ​တွက်​သွန်း​သော ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တော်​ကို​တံ​ဆိပ်​ခတ်​နှိပ်​သော​ငါ​၏​သွေး​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​မော​ရှေ​သည်​အင်​တုံ​များ​ထဲ​မှ​သွေး ကို​ယူ​၍ လူ​တို့​အ​ပေါ်​သို့​ပက်​ဖျန်း​လေ​၏။ သူ က``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အား​ဤ​ပ​ညတ် များ​ကို​ပေး​လျက် သင်​တို့​နှင့်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​ဤ​သွေး​ဖြင့်​အ​တည်​ဖြစ်​စေ ပြီ'' ဟု​ဆို​လေ​၏။

ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဣ​သ​ရေ​လ​ပြည် သား​များ၊ ယု​ဒ​ပြည်​သား​များ​နှင့်​ပ​ဋိ​ညာဉ် သစ်​ဖွဲ့​မည့်​အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။-

ထာ​ဝ​ရ​ဘု​ရား​က၊ ``ယဇ်​ကောင်​များ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် နှိပ်​ကာ၊ သင်​တို့​နှင့်​ငါ​ပြု​သည့်​ပ​ဋိ​ညာဉ်​တော်​ကို ထောက်​၍ ငါ​သည်​သင်​တို့​၏​အ​မျိုး​သား​များ​အား ကယ်​လွှတ်​မည်။ ရေ​မ​ရှိ​သော​တွင်း​နက်​တည်း​ဟူ​သော​ပြည်​နှင်​ဒဏ် ဘ​ဝ​မှ​ကယ်​လွှတ်​မည်။

လူ​သား​ပင်​လျှင်​သူ​တစ်​ပါး​အား​စေ​စား​ရန် ကြွ​လာ​သည်​မ​ဟုတ်။ သူ​တစ်​ပါး​၏ အ​စေ​ကို ခံ​ရန်​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်​၍​လူ အ​မြောက်​အ​မြား​အား​ရွေး​နုတ်​ရန်​လည်း ကောင်း​ကြွ​လာ​သ​တည်း​ဟု​မိန့်​တော်​မူ​၏။

စ​ပျစ်​ရည်​ခွက်​ကို​လည်း​ယူ​၍​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက် သူ​တို့ အား​ပေး​တော်​မူ​လျှင်​သူ​တို့​အား​လုံး​သည် သောက်​ကြ​၏။-

သင်​တို့​အား​ငါ​ဆို​သည်​ကား​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​တွင် စ​ပျစ်​ရည်​သစ်​ကို​သောက်​ရ​သည့် နေ့​မ​တိုင်​မီ ငါ​သည်​ဤ​စ​ပျစ်​ရည်​ကို​နောက်​တစ် ဖန်​သောက်​တော့​မည်​မ​ဟုတ်'' ဟု​တ​ပည့်​တော်​တို့ အား​မိန့်​တော်​မူ​၏။

ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ကို​လည်း​ယူ​တော်​မူ​လျက် ``ဤ​ခွက် ကား​သင်​တို့​အ​တွက်​သွန်း​သော​ငါ​၏​သွေး အား​ဖြင့်​ပြု​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တ​ရား​သစ်​ဖြစ်​၏။

သ​ခင်​ယေ​ရှု​က ``အ​မှန်​အ​ကန်​သင်​တို့​အား​ငါ ဆို​သည်​ကား လူ​သား​၏​အ​သား​ကို​မ​စား၊ သူ​၏ သွေး​ကို​မ​သောက်​ပါ​မူ​သင်​တို့​၌​အ​သက်​မ​ရှိ။-

ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၍ ပွဲ​တော်​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို သောက်​ကြ​သော​အ​ခါ ခ​ရစ်​တော်​၏​သွေး​တော်​ကို ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ်​လော။ မုန့်​ကို စား​သော​အ​ခါ​၌​လည်း ခ​ရစ်​တော်​၏​ကိုယ်​ခန္ဓာ တော်​ကို​ဆက်​ဆံ​သုံး​ဆောင်​ကြ​သည်​မ​ဟုတ် လော။-

ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ဖ​လား​ကို​ယူ​တော်​မူ​လျက် ``ဤ ခွက်​ဖ​လား​ကား​ငါ​၏​သွေး​နှင့်​တံ​ဆိပ်​ခတ် သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ်​သစ်​ဖြစ်​၏။ ဤ​ခွက်​ဖ​လား​မှ​စ​ပျစ်​ရည်​ကို​သောက်​သည့် အ​ခါ​တိုင်း​ငါ့​ကို​သ​တိ​ရ​ခြင်း​ငှာ​သောက် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ