ရှင်မာကု 14:18Common Language Bibleသူတို့သည်စားပွဲမှာထိုင်လျက်စားနေကြစဉ် သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါ ဆိုသည်ကား သင်တို့အနက်ငါနှင့်အတူစားနေ သူတစ်ဦးသည်ငါ့ကိုသစ္စာဖောက်လိမ့်မည်'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
``သင်တို့သည်အစာရှောင်ကြသောအခါ သူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ ညှိုးငယ်သောအသွင် ကိုမဆောင်ကြနှင့်။ ထိုသူတို့သည်မိမိတို့အစာ ရှောင်လျက်နေကြောင်းထင်ပေါ်စေလိုသဖြင့် ဆာလောင် မွတ်သိပ်သောအမူအရာဖြင့်သွားလာတတ်ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထို သူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို အပြည့်အဝခံစားရကြပြီ။-
``ထိုကြောင့်သင်သည်လှူဒါန်းသောအခါသူတော် ကောင်းယောင်ဆောင်သူတို့ကဲ့သို့ တရားဇရပ်များ နှင့်လမ်းဆုံလမ်းခွများတွင်မိမိတို့ကိုယ်ကိုထင် ပေါ်အောင်မပြုကြနှင့်။ သူတို့သည်လူများ၏ အချီးအမွမ်းကိုခံလို၍ဤသို့ပြုကြခြင်း ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကားထိုသူတို့ခံစားလိုသည့်အကျိုးကို ခံစားရကြ၏။-
``သင်သည်ဆုတောင်းပတ္ထနာပြုသောအခါ သူတော် ယောင်ဆောင်သူတို့ကဲ့သို့မပြုကြနှင့်။ ထိုသူတို့သည် လူများမြင်သာအောင်တရားဇရပ်များနှင့်လမ်းဆုံ လမ်းခွများမှာရပ်လျက်ဆုတောင်းပတ္ထနာပြုတတ် ကြ၏။ အမှန်အကန်သင်တို့အားငါဆိုသည်ကား ထိုသူတို့သည်မိမိတို့ခံစားလိုသည့်အကျိုးကို ခံစားရကြပြီ။-
ထို့ကြောင့်သခင်ယေရှုက ယုဒအာဏာပိုင် တို့အား ``အမှန်အကန်သင်တို့အားငါဆို သည်ကားသားတော်သည် မိမိအလိုအလျောက် အဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြု တော်မူသည့်အမှုအရာများကိုတွေ့မြင်ရ သည့်အတိုင်းသာလျှင်ပြု၏။ ခမည်းတော်ပြု တော်မူသောအရာတို့ကိုသားတော်သည်ပြု တော်မူ၏။-