ရှင်မာကု 14:12Common Language Bibleပသခါသိုးသူငယ်ကိုသတ်၍ပူဇော်ရသော နေ့တည်းဟူသော တဆေးမဲ့မုန့်ပွဲတော်ပထမ နေ့၌တပည့်တော်တို့က ``အရှင့်အတွက်ပသခါ ပွဲညစာကို အကျွန်ုပ်တို့အဘယ်အရပ်သို့သွား ၍ပြင်ဆင်ရပါမည်နည်း'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်နောက်ဆုံး၌အချိန်တန်သောအခါ ဘုရားသခင်သည်မိမိ၏သားတော်ကိုစေလွှတ် တော်မူ၏။ ငါတို့သည်ဘုရားသခင်၏သားများ ဖြစ်လာစိမ့်သောငှာထိုသားတော်သည်လူတို့ အား ပညတ်တရား၏လက်အောက်မှရွေးနုတ် ကယ်တင်နိုင်ရန် လူမိခင်မှပညတ်တရား အောက်ဖွားမြင်ခြင်းကိုခံတော်မူ၏။
``သင်တို့ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်အခြားနေရာ များတွင် ပသခါပွဲတော်အတွက်ယဇ်ကောင် များကိုမသတ်ရ။ ကိုးကွယ်ရာတစ်ခုတည်း သောဌာန၌သာပသခါပွဲယဇ်ကောင်များ ကိုသတ်ရမည်။ သင်တို့သည်နေဝင်ချိန်တွင် အီဂျစ်ပြည်မှထွက်ခဲ့ရသည်။ သို့ဖြစ်၍ နေဝင်ချိန်၌ယဇ်ကောင်များကိုသတ်ရမည်။-