တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သောယုဒ ရှကာရုတ်သည် ကိုယ်တော်ကိုရန်သူ့လက်သို့ အပ်ရန်ယဇ်ပုရောဟိတ်ကြီးများထံသို့သွား၏။-
ငါအချစ်ဆုံး၊ငါအားအကိုးဆုံး၊ ငါနှင့်ထမင်းလက်ဆုံစားသူ၊ ငါ၏မိတ်ဆွေကပင်လျှင်ငါ့ကိုခြေဖြင့် ကျောက်ကန်လေပြီ။
မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ကိုယ်တော်ကို သစ္စာဖောက်သူယုဒရှကာရုတ်တို့တည်း။
ထိုသူတို့သည်သူလာရသည့်အကြောင်းကို ကြားသိသောအခါ ဝမ်းမြောက်သဖြင့်သူ့အား ငွေပေးရန်ကတိပြုကြ၏။ သို့ဖြစ်၍ယုဒ သည်ကိုယ်တော်အားရန်သူ့လက်သို့အပ်ရန် အခွင့်ကောင်းကိုရှာလျက်နေ၏။
နောင်အခါကိုယ်တော်ကိုသစ္စာဖောက်သူယုဒ ရှကာရုတ်တို့ဖြစ်၏။
သခင်ယေရှုနှင့်တပည့်တော်တို့သည်ညစာ စားလျက်နေကြ၏။ မာရ်နတ်သည်ရှိမုန်ရှ ကာရုတ်သားယုဒအား ကိုယ်တော်ကိုရန်သူ့ လက်သို့အပ်နှံစေရန်အကြံပေးထားပြီး ဖြစ်ပေသည်။-
ယုဒရှကာရုတ်သည်မုန့်တစ်ဖဲ့ကိုခံယူ ပြီးလျှင်ချက်ချင်းထွက်ခွာသွားလေသည်။ ထိုအချိန်ကားညအချိန်ဖြစ်သတည်း။