Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 14:1

Common Language Bible

ပ​သ​ခါ​ပွဲ​နှင့်​တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကျ​ရောက် ရန် နှစ်​ရက်​မျှ​အ​လို​တွင်​ယဇ်​ပု​ရော​ဟိတ်​မင်း များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​သည် ကိုယ်​တော် ကို​တိတ်​တ​ဆိတ်​ဖမ်း​ဆီး​၍​သတ်​ရန်​နည်း လမ်း​ရှာ​ကြံ​လျက်​နေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​အ​ဝေး​၌​ရှိ​စဉ်​ပင်​အစ်​ကို​တို့​သည် သူ့​ကို​မြင်​လျှင် သူ့​အား​သတ်​ပစ်​ရန်​တိုင်​ပင် ကြ​၏။-

သင်​သည်​အ​ကောင်း​ထက်​အ​ဆိုး​ကို​လည်း​ကောင်း၊ သစ္စာ​စ​ကား​ထက်​မု​သား​စ​ကား​ကို​လည်း​ကောင်း ပို​၍​နှစ်​သက်​တတ်​၏။

သင်​တို့​သည်​သူ့​အား​ဂုဏ်​မြင့်​ရာ​မှ​ဆွဲ​ချ​ရန် ကို​သာ ကြံ​စည်​ကြ​၏။ သင်​တို့​သည်​လိမ်​လည်​ပြော​ဆို​ရန်​နှစ်​သက် ကြ​၏။ သူ့​အား​နှုတ်​ဖြင့်​ကောင်း​ချီး​ပေး​လျက်၊ စိတ်​ထဲ​တွင်​မူ​ကား​ကျိန်​ဆဲ​ကြ​၏။

လူ​သား​တို့​သည်​ထွက်​သက်​ဝင်​သက်​လေ​မျှ​သာ ဖြစ်​ပေ​သည်။ လူ​တို့​သည်​ယုတ်​မြတ်​မ​ဟူ​အ​နတ္တ​မျှသာ​ဖြစ် ကြ​၏။ သူ​တို့​အား​ချိန်​ခွင်​တွင်​ချိန်​စက်​၍​ကြည့် ကြ​လော့။ သူ​တို့​သည်​အ​ချိန်​မ​စီး။ ထွက်​သက်​ဝင်​သက်​လေ​ထက်​ပင်​ပေါ့​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​က အီ​ဂျစ်​ပြည်​တွင်​မော​ရှေ နှင့်​အာ​ရုန်​တို့​အား၊-

ထို​မုန့်​ကို​ပူဇော်​သော​အ​ခါ​မုန့်​ကို​ချေ​၍ မုန့် ပေါ်​တွင်​ဆီ​လောင်း​ရ​မည်။

ဖာ​ရိ​ရှဲ​တို့​သည်​တ​ရား​ဇ​ရပ်​မှ​ထွက်​သွား​ကြ ပြီး​လျှင် ကိုယ်​တော်​ကို​သတ်​ရန်​ကြံ​စည်​တိုင်​ပင် ကြ​၏။

``ထို​ကြောင့်​သင်​သည်​လှူ​ဒါန်း​သော​အ​ခါ​သူ​တော် ကောင်း​ယောင်​ဆောင်​သူ​တို့​ကဲ့​သို့ တ​ရား​ဇ​ရပ်​များ နှင့်​လမ်း​ဆုံ​လမ်း​ခွ​များ​တွင်​မိ​မိ​တို့​ကိုယ်​ကို​ထင် ပေါ်​အောင်​မ​ပြု​ကြ​နှင့်။ သူ​တို့​သည်​လူ​များ​၏ အ​ချီး​အ​မွမ်း​ကို​ခံ​လို​၍​ဤ​သို့​ပြု​ကြ​ခြင်း ဖြစ်​၏။ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည် ကား​ထို​သူ​တို့​ခံ​စား​လို​သည့်​အ​ကျိုး​ကို ခံ​စား​ရ​ကြ​၏။-

ပ​သ​ခါ​သိုး​သူ​ငယ်​ကို​သတ်​၍​ပူ​ဇော်​ရ​သော နေ့​တည်း​ဟူ​သော တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ပ​ထ​မ နေ့​၌​တ​ပည့်​တော်​တို့​က ``အ​ရှင့်​အ​တွက်​ပ​သ​ခါ ပွဲ​ည​စာ​ကို အ​ကျွန်ုပ်​တို့​အ​ဘယ်​အ​ရပ်​သို့​သွား ၍​ပြင်​ဆင်​ရ​ပါ​မည်​နည်း'' ဟု​ကိုယ်​တော်​အား မေး​လျှောက်​ကြ​၏။

သူ​တို့​က ``လူ​တို့​ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​မည်​ကို စိုး​ရိမ်​စ​ရာ​ရှိ​သ​ဖြင့် ပွဲ​တော်​ရက်​အ​တွင်း​၌ မ​ဖမ်း​ဆီး​ကြ​နှင့်'' ဟု​ဆို​ကြ​၏။

သို့​ဖြစ်​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့် ဖာ​ရိ​ရှဲ​များ​သည်​ယု​ဒ​တ​ရား​လွှတ်​တော်​ဆိုင် ရာ​အ​စည်း​အ​ဝေး​ကို​ခေါ်​ဖိတ်​၍ ``ဤ​သူ​သည် များ​စွာ​သော​အံ့​သြ​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​တို့ ကို​ပြ​လျက်​နေ​၏။ ငါ​တို့​အ​ဘယ်​ကြောင့်​မည် သို့​မျှ​မ​ပြု​ဘဲ​နေ​ကြ​သ​နည်း။-

အ​ခါ​ကား​ပ​သ​ခါ​ပွဲ​တော်​မ​တိုင်​မီ​တစ်​ရက် ဖြစ်​၏။ သ​ခင်​ယေ​ရှု​သည်​ဤ​လော​က​မှ​ထွက် ခွာ​၍ ခ​မည်း​တော်​ထံ​သို့​ကြွ​တော်​မူ​ရ​မည့် အ​ချိန်​ကျ​ရောက်​လာ​ကြောင်း​ကို​သိ​တော်​မူ ၏။ ကိုယ်​တော်​သည်​ဤ​လော​က​ရှိ​မိ​မိ​၏​တပည့် သား​ရင်း​များ​ကို​အ​စဉ်​ပင်​ချစ်​တော်​မူ​၏။ သူ​တို့​အား​ဆုံး​ခန်း​တိုင်​အောင်​ချစ်​တော် မူ​ပေ​သည်။

ဟေ​ရုဒ်​သည်​ပေ​တ​ရု​ကို​ဖမ်း​ဆီး​ပြီး​နောက် စစ် သား​လေး​ယောက်​စီ​ပါ​သော​တပ်​စု​ငယ်​လေး​စု လက်​သို့​အပ်​ကာ​အ​ကျဉ်း​ချ​ထား​၏။ ပ​သ​ခါ ပွဲ​လွန်​သော​အ​ခါ သူ့​ကို​ယု​ဒ​အ​မျိုး​သား တို့​ရှေ့​တွင်​စစ်​ဆေး​၍​ဒဏ်​စီ​ရင်​ရန်​အ​ကြံ ရှိ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ