ရှင်မာကု 13:8Common Language Bibleလူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြား တွင်မြေငလျင်လှုပ်၍အစာငတ်မွတ်ခေါင်းပါး လိမ့်မည်။ ဤအမှုအရာများသည်ဆိုက်ရောက် လတ္တံ့သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးဖြစ်၏။'' အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ငါသည်အီဂျစ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်စေရန်လှုံ့ဆော်၍ညီအစ်ကို အချင်းချင်း၊ အိမ်နီးချင်းအချင်းချင်းခိုက် ရန်ဖြစ်ပွားစေမည်။ ဂုဏ်ပြိုင်ဘက်မြို့များသည် လည်းကောင်း၊ ဂုဏ်ပြိုင်ဘက်မင်းတို့သည်လည်း ကောင်း၊ အချင်းချင်းတိုက်ခိုက်ကာအာဏာ လုကြလိမ့်မည်။-
သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''