ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီး၊ တံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။-
``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကို သင်ယူကြလော့။ ထိုအပင်တွင်အခက်အလက် နုထွက်၍ အရွက်နုထွက်သောအခါနွေကာလ နီးသည်ကိုသင်တို့သိကြ၏။-
အမှန်အကန်ငါဆိုသည်ကားဤအမှုအရာ အလုံးစုံတို့မဖြစ်မပျက်မီ ယခုခေတ်လူတို့ သေလွန်ရကြလိမ့်မည်မဟုတ်။-
ညီအစ်ကိုတို့၊ သင်တို့ကိုယ်တိုင်ဘုရားသခင်၏ စစ်ကြောစီရင်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း အချင်းချင်းတစ်ယောက်ကိုတစ်ယောက်အပြစ် မတင်ကြနှင့်။ တရားစီရင်တော်မူသောအရှင် သည်ဤအရပ်သို့ရောက်ရှိကာတံခါးဝ၌ ရပ်လျက်နေတော်မူလေပြီ။-