ရှင်မာကု 13:1Common Language Bibleဗိမာန်တော်မှကိုယ်တော်ထွက်ကြွတော်မူစဉ် တပည့် တော်တစ်ဦးက ``အရှင်ဘုရား၊ ကြည့်တော်မူပါ။ ဤ ကျောက်တုံးများသည်ကြီးမားလှ၍ ဤအဆောက် အအုံများသည်လည်းကြီးကျယ်လှပါသည် တကား'' ဟုလျှောက်ထား၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည်မိမိတို့တောင်ပံများကိုဖြန့်၍ ငါ၏မျက်မှောက်၌ပင်ကမ္ဘာမြေကြီးမှအထက် သို့ပျံတက်ကြ၏။ ထိုအခါဘီးတို့သည်လည်း လိုက်ပါသွားကြ၏။ သတ္တဝါတို့သည်ဗိမာန် တော်အရှေ့တံခါးတွင်ရပ်နားကြ၏။ ဣသ ရေလအမျိုးသားတို့ဘုရားသခင်၏ တောက်ပသောဘုန်းအသရေတော်သည် လည်းသူတို့အပေါ်၌တည်လေ၏။-
ဘုရားသခင်ကငါ့အား``အချင်းလူသား၊ ထိုသူတို့ပြုနေသည့်အမှုကိုသင်မြင်သလော။ ဤအရပ်တွင်ဣသရေလအမျိုးသားတို့ပြုနေကြသည့်စက်ဆုပ်ဖွယ်ရာများကိုကြည့်လော့။ သူတို့သည်ငါ့အားသန့်ရှင်းရာဌာနတော်နှင့်ဝေးသည်ထက်ဝေးအောင်နှင်ထုတ်လျက်နေကြ၏။ သင်သည်ထိုအရာတို့ထက်ပို၍ရှက်ကြောက်ဖွယ်ကောင်းသည့်အရာတို့ကိုမြင်ရလိမ့်မည်'' ဟု မိန့်တော်မူ၏။